Home
မြန်မာသတင်း
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
May 23, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အ တွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ရုံမတင် ခင်ကတည်းက နာမည်ကြီးနေတဲ့ Hollywood Musical Fantasy အမျိုးအစား ရုပ်ရှင် - Aladdin ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Walt Disney Pictures က တင်ဆက်လိုက်တာဖြစ်ပြီး  ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Guy Ritchie က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ Guy Ritchie ဟာ နာမည်ကျော် အဆိုတော် မက်ဒေါနားရဲ့ ခင်ပွန်းဟောင်းတဦး လည်း ဖြစ်ကာ နာမည်ကြီးရုပ်ရှင် Series တွေဖြစ်တဲ့ Sherlock Holmes ရုပ်ရှင်ကား တွေ၊ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ King Arthur: Legend of the Sword စတဲ့ ရုပ်ရှင်ကားတွေကို ပြောင်မြောက်စွာ ရိုက်ကူးနိုင်ခဲ့သူတဦး ဖြစ်ပါတယ်။ အာလာဒင်လို့ ပြောလိုက်တာနဲ့ တကမ္ဘာလုံးမှာ လူသိများတဲ့ အမည်နာမတခု ဖြစ် နေပြီး မှော်မီးခွက်ကိုင်ရင်း ကော်ဇောပျံစီးလေ့ရှိတဲ့ လူငယ်လေးကို ပြေးမြင်မိကြမှာပါ။ တကယ်တမ်းကတော့ ဒီဇာတ်လမ်းဟာ တထောင့်တညပုံပြင်လို့ လူသိများတဲ့ အရှေ့ အ လယ်ပိုင်းဒေသ ရိုးရာပုံပြင်တွေထဲမှာ ပါဝင်ပြီး ဒီပုံပြင်တွေဟာ ၁၈ ရာစုလောက်မှာ ပေါ် ပေါက်ခဲ့တယ်လို့ ဆိုကြပါတယ်။ အာလာဒင်နဲ့ပတ်သက်တဲ့ ပုံပြင်တွေဟာ ကမ္ဘာတဝန်း ကျော်ကြားပြီး လက်ရှိအ ချိန်ထိတိုင်အောင် ရေပန်းစားနေဆဲဖြစ်ကာ အာလာဒင်ပါဝင်တဲ့ ဇာတ်လမ်းတွေကို ရုပ်ပြ စာအုပ်၊ ရုပ်သံဇာတ်လမ်း၊ ဂိမ်းတွေအဖြစ်လည်း ဖန်တီးခဲ့ကြဖူးပါတယ်။ မကြာခင်မှာ ရုပ်ရှင်အဖြစ် ကြည့်ရှုရမယ့် ဒီရုပ်ရှင်ကားဟာ ၁၉၉၂ ခုနှစ်က အန်နီမေးရှင်း ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိထားပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို သရုပ် ဆောင်တွေနဲ့ အသစ်တဖန် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင် အာလာဒင်နေရာမှာတော့ ကနေဒါသရုပ် ဆောင်မင်းသား Mena Massoud က ပါဝင်ထားပြီး နာမည်ကြီး အမေရိကန်ရက်ပ်ပါ သ ရုပ်ဆောင်မင်းသား Will Smith ကတော့ မီးခွက်စောင့်ဘီလူး Genie အဖြစ် ပါဝင်ထား ကြတာပါ။ မင်းသမီးလေး ဂျက်စမင်နေရာမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Naomi Scott တို့နဲ့အတူ တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ ဒီကားထဲမှာပါဝင်တဲ့ Genie ဇာတ်ကောင်နေရာမှာ Will Smith သရုပ်ဆောင်မယ်ဆိုတဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပေမယ့် ဇာတ်ကားနမူနာ ထွက်ရှိလာချိန်မှာတော့ ပြောင်မြောက်တဲ့ သူ့ရဲ့ သရုပ်ဆောင်မှုတွေကို ချီးကျူးခဲ့ကြတာ ပါ။ ဒီကားထဲမှာတော့ ဂရမ်မီဆု အပါအဝင် ထူးချွန်ဆုတွေ ရရှိခဲ့တဲ့ မူရင်းရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်း A Whole New World သီချင်းကိုပါ ပုံစံတမျိုးနဲ့ ထည့်သွင်းထားခဲ့တာမို့ ၁၉၉၀ ပြည့်လွန်ကာလတွေကိုပါ ပြန်လည်အမှတ်ရစေမှာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြော စကား Dialog တွေဟာ ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ် ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ Box Office မှာတော့ ဒီရုပ်ရှင်ကားကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတွေမှာ ရုံတင် ပြသမယ့် ပထမသီတင်းပတ် ၄ ရက်အတွင်း ၀င်ငွေ အမေရိကန်ဒေါ်လာသန်း ၇၀ နဲ့ ၉၀ ကြား ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ကြာမြင့်ချိန် ၁၂၈ မိနစ်ရှိတဲ့ ဒီကားကိုတော့ လာမယ့် မေလ ၂၄ ရက်နေ့ ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Biographical Musical Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ Rocketman ! ဒီကားကိုတော့ နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Paramount Pictures က တင်ဆက် လိုက်တာဖြစ်ပြီး ဗြိတိန်သရုပ်ဆောင် ဒါရိုက်တာ Dexter Fletcher က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ နာမည်ကြီး ဗြိတိန်ဂန္တ၀င်အဆိုတော်ကြီး Elton John ရဲ့ ဘ၀ ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Elton John ဟာ အင်္ဂလန်ရဲ့ ရှေးကျတဲ့ Royal Academy of Music ကနေ အစပြုလို့ ဖြတ်သန်းလာခဲ့တဲ့ နှစ်တွေ၊ နာမည်ကြီး ဂီတပညာရှင်တဦးဖြစ်တဲ့ Bernie Taupin နဲ့ တွဲဖက်ပြီး အောင်မြင်တဲ့၊ ပရိ သတ်ကို လွှမ်းမိုးနိုင်ခဲ့ ဂီတအနုပညာဖန်တီးမှုတွေကို ဖန်တီးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဆာဘွဲ့ချီးမြှင့်ခံခဲ့ရသူလည်း ဖြစ်သလို ဂီတကြောင့် ၀င်ငွေအများဆုံး ရရှိတဲ့ ကျော်ကြားသူစာရင်းမှာလည်း ထိပ်တန်းစာရင်းဝင်ခဲ့သူပါ။ အမျိုးသားချင်း လိင်တူလက် ထပ်ထားတဲ့ Elton John ရဲ့ ဘ၀မှာ စိတ်ဓာတ်ကျ အားငယ်မှုတွေ၊ ရုန်းကန်ခဲ့ရတာတွေ စတဲ့ ဘ၀ဖြတ်သန်းမှုတွေကို ဒီကားထဲမှာ ဘယ်လိုပုံဖော်ထားမလဲဆိုတာကိုတော့ မ ကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲက အဓိက ဇာတ်ကောင် Elton John အဖြစ် Kingsman ရုပ်ရှင်နဲ့ နာ မည်ကြီးတဲ့ ဗြိတိန်သရုပ်ဆောင်မင်းသား Taron Egerton က ခေါင်းဆောင်ပါဝင်ထားပြီး တခြားသရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Jamie Bell ၊ Richard Madden နဲ့ Bryce Dallas Howard တို့ကလည်း အတွဲညီညီ ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က နာမည်ကြီးရုပ်ရှင်ပွဲတော်တခု ဖြစ်တဲ့ Cannes Film Festival မှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါ တယ်။ IMDb မှာ Rating 7.9 အထိ ရရှိထားပြီး ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေတဲ့ ရုပ်ရှင်ကားတကား ဖြစ်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၄၁ သန်းအကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှု သင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၂၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဗြိတိန်မှာတော့ မေလ ၂၂ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ထူးထူး ခြားခြား Superhero Horror Sci-Fi အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ BrightBurn ! နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Sony Pictures ကနေ ဖြန့်ချိလိုက်တဲ့ ဒီကားကိုတော့ ဟောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ David Yarovesky က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါ တယ်။ ဒီကားထဲမှာတော့ တခြားကမ္ဘာက ရောက်ရှိလာတဲ့ ထူးခြားတဲ့ စွမ်းရည်ပိုင်ဆိုင်တဲ့ ကလေးတယောက်အကြောင်းကို ရှုစားကြရမှာ ဖြစ်ပါတယ်။ Tori နဲ့ Kyle တို့ စုံတွဲဟာ လယ်တောအိမ်လေးတလုံးမှာ နေထိုင်ကြတဲ့ ဇနီးမောင်နှံဖြစ်ကြပါတယ်။ သူတို့ဟာ က လေးလိုချင်ကြတဲ့အတွက် အကြိမ်ကြိမ်ကြိုးစားကြပေမယ့် ဘယ်လိုမှ မရပဲ ဖြစ်နေချိန်မှာ ထူးဆန်းတဲ့ အဖြစ်တခုကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါကတော့ သူတို့အိမ်အနီးကို ပေါက်ကွဲ သံကြီးတခုနဲ့ တခြားဂြိုဟ်ကမ္ဘာတခုခုက ဖြစ်ပုံရတဲ့ ကလေးငယ် Brandon ရောက်ရှိ လာခဲ့တာပါပဲ။ Brandon ဟာ မိသားစုနဲ့ ဒီလိုပဲ ဖြတ်သန်းနေရင်း တဖြည်းဖြည်း ကြီး ပြင်းလာချိန်မှာတော့ သူ့ဆီမှာ ထူးဆန်းတဲ့ အပြုအမူတွေ တွေ့လာရတယ်။ အဲဒီနောက် မှာ မိဘတွေက သူဘယ်လိုလူလဲဆိုတာကို သံသယ၀င်လာခဲ့ပြီး သူ့ရဲ့ ထူးဆန်းတဲ့ စွမ်း ရည်တွေ၊  အဖြစ်အပျက်တွေနဲ့ ကြုံလာရချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ တွေကို သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Elizabeth Banks ၊ David Denman  နဲ့ ကလေးသရုပ်ဆောင် Jackson A. Dunn တို့ က ခေါင်းဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၇ သန်း အကုန်အကျခံရိုက်ကူး ထားတာ ဖြစ်ပြီး IMDb မှာတော့ Rating 6.7 အထိ ရရှိထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို ဇာတ် ၀င်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ် ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၉၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၂၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာအချစ် ဟာသရုပ်ရှင်ကားတကား ဖြစ်တဲ့ ယောက်ဖစစ်ဆင်ရေး ! လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကတော့ လွင်မင်းအံ့ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အစ်ကို ၃ ယောက်နဲ့ ယောက်ျားစိတ်ပေါက်နေတဲ့ Tomboy ညီမတယောက်အကြောင်းကို ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အစ်ကိုတွေ က မစွံပဲ ညီမက မိန်းမရသွားမှာစိုးလို့ စစ်ဆင်ရေးလုပ်ပြီး ညီမအတွက် ယောက်ဖရှာဖွေ ပေးမယ့် ဒီကားထဲမှာ ဘယ်လိုအလွဲအချော်တွေ၊ ကမောက်ကမတွေနဲ့ ဟာသဆန်ဆန် ရိုက်ကူးထားမလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သရုပ်မဆောင်တာကြာပြီဖြစ်တဲ့ ၀ါရင့်သရုပ်ဆောင်မင်းသား ရာဇာနေ၀င်း၊ သရုပ်ဆောင်မင်းသား ဇေရဲထက်တို့နဲ့အတူ သရုပ်ဆောင်မင်းသမီး ခင်ဝင့် ၀ါတို့က ခေါင်းဆောင်ပါဝင်ထားကြတာဖြစ်ပြီး တခြားသရုပ်ဆောာင်တွေဖြစ်ကြတဲ့ ကျော် ကျော်၊ ခင်လှိုင်၊ မေပန်းချီ၊ ယွန်းရွှေရည်စတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင် ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် မေလ ၂၃ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Crime Thriller အမျိုးအစား ရုပ်ရှင်ကားတကား ဖြစ်တဲ့ The Poison Rose ! ဒီကားကိုတော့ Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးက ဖြန့်ချိလိုက်တာဖြစ်ပြီး အမေ ရိကန်ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ George Gallo က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကတော့ နာမည်ကြီး စုံထောက်ရုပ်ရှင်ကားတွေဖြစ်တဲ့ China Town ၊ L.A Confidential ရုပ်ရှင်တွေလိုပဲ ဒါပြီးရင် ဘာဆက်ဖြစ်လာမလဲဆိုတဲ့ Concept နဲ့ လျှို့ ၀ှက် စုံစမ်းဖော်ထုတ်ရတဲ့ ရုပ်ရှင်အမျိုးအစား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရက် သောက်၊ ဆေးလိပ်သောက်၊ လောင်းကစားလုပ်တဲ့ ခပ်ပေပေ အလွတ်တန်း စုံထောက် တယောက်က ပျောက်ဆုံးသွားတဲ့ မိန်းကလေးတယောက်ရဲ့ အမှုကို ထဲထဲဝင်ဝင် ပါဝင် ပတ်သက်ရပြီး ရှုပ်ထွေးတဲ့ အမှုအခင်းကြားမှာ ဘယ်လိုစုံစမ်းဖော်ထုတ်ခဲ့သလဲဆိုတာ တွေကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ မြန်မာပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ဟောလိဝုဒ်နာမည် ကြီးသရုပ်ဆောင်မင်းသားကြီး John Travolta နဲ့ မင်းသားကြီး Morgan Freeman တို့ က အပြိုင်ကြဲသရုပ်ဆောင်ထားခဲ့ကြတာ ဖြစ်ပြီး သူတို့နဲ့အတူ တခြားသရုပ်ဆောင်မင်း သားမင်းသမီးတွေ ဖြစ်ကြတဲ့ Famke Janssen ၊ Kat Graham ၊ Peter Stormare စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ သွေးထွက်သံယို မြင် ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ် ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ် ထားပါတယ်။ ကြာမြင့်ချိန် ၉၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၂၄ ရက်နေ့မှာ ရုံ တင်ပြသတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024