A d v e r t i s e m e n t With Us

ဒဂုံဆိပ်ကမ်းမြို့နယ် Golden Day အထည်ချုပ်အလုပ်သမားများ ဆန္ဒပြ (ဓာတ်ပုံ)

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် Golden Day အထည်ချုပ်အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အတွက် လစာရရှိရေး တောင်းဆိုဆန္ဒပြနေကြပါတယ်။ Golden Day အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၂၅၀ ရှိတဲ့အထဲက ၁၀၀ လောက် စက်ရုံဝင်းအတွင်းမှာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာစက်ရုံ တာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းမပေးဘူးလို့ အလုပ်သမားတွေက ပြောပါ တယ်။ နိုဝင်ဘာ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီမှာ လစာရှင်းပေးမယ်လို့ စက်ရုံ စာရေးမတွေက ပြောဆိုခဲ့ပေမယ့် မရကြသေးဘူးလို့ ဆိုပါတယ်။ အလုပ်သမားတွေဟာ နေ့ရောညပါ ဆန္ဒပြနေကြတာဖြစ်ပြီး ဒီနေ့ဆိုရင် ၄ ရက်ရှိပြီ ဖြစ်ပါတယ်။ Read more

A d v e r t i s e m e n t With Us

More News
Up