DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story လူမှုရေး သတင်း

ABSDF ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ကျော်ကို၏ ဈာပန မဲဆောက်တွင်ကျင်းပ

  • By DVB
  • 21 May 2019
  • Print
  • Email
    • Tweet

Email This Story :

  • Send Story
  • Ko Kyaw Ko's Funeral01
  • Ko Kyaw Ko's Funeral02
  • Ko Kyaw Ko's Funeral03
  • Ko Kyaw Ko's Funeral04
  • Ko Kyaw Ko's Funeral05
  • Ko Kyaw Ko's Funeral06
  • Ko Kyaw Ko's Funeral01
  • Ko Kyaw Ko's Funeral02
  • Ko Kyaw Ko's Funeral03
  • Ko Kyaw Ko's Funeral04
  • Ko Kyaw Ko's Funeral05
  • Ko Kyaw Ko's Funeral06

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)  ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော်ကျော်ကိုရဲ့ ဈာပနကို ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ တောရဘုန်းကြီးကျောင်းမှာ ကျင်းပပါတယ်။

အသက် ၅၁ နှစ်အရွယ် ကိုကျော်ကိုဟာ မဲဆောက်မြို့မှာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘောလုံးကန်နေရင်း မေလ ၁၇ ရက်က အမောဖောက်ကာ နှစ်လုံးရပ်ပြီး ကွယ်လွန်သွားခဲ့တာပါ။

ရဲဘော်ကျော်ကို (ခ) ကိုကျော်ကိုကိုဝင်းကို မွန်ပြည်နယ်၊ မုဒုံမြို့မှာ ၁၉၆၈ ခုနှစ် မတ်လ ၂၅ ရက်မှာ အဘ ဦးစံမြင့်၊ အမိဒေါ်သန်းညွန့်တို့က မွေးဖွားခဲ့ပြီး မောင်နှမမွေးချင်း ၈ ဦးအနက် တတိယမြောက်သား ဖြစ်ပါတယ်။

မူလတန်းပညာကို သင်္ဘောဦး အလယ်တန်းကျောင်းမှာ ပညာသင်ယူခဲ့ပြီး ပဉ္စမတန်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အထိ မုဒုံမြို့ အ.ထ.က (၁) မှာ ပညာသင်ယူခဲ့ပါတယ်။

၁၉၈၇ ခုနှစ်မှာ ပြည်မြို့ စက်မှုလက်မှုသိပ္ပံ (GTI) မှာ တက်ရောက်ပညာသင်ကြားခဲ့ပြီး  ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ မုဒုံမြို့နယ် ကျောင်းသားခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးနယ်မြေကို တောခိုကာ မကဒတ ကျောင်းသားတပ်မတော် စတင်ဖွဲ့စည်းချိန်ကစလို့ လက်နက်ကိုင် တော်လှန်ရေး တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါတယ်။

သေ့ဘောဘိုးစခန်း ကော်မတီ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တပ်မဟာ (၆) အလုပ်အဖွဲ့ဝင်၊ အလယ်ပိုင်းဒေသ အလုပ်အဖွဲ့ဝင်၊ တောင်ပိုင်းဒေသ အလုပ်အဖွဲ့ခေါင်းဆောင်နဲ့ မကဒတ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုဦးဆောင်ကော်မတီဝင်၊ ဗဟိုကော်မတီဝင် စစ်ဦးစီးမှူး တာဝန်တွေလည်း ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအန်တုမှုကော်မတီ (PDC) မှာ ဒုညွန်ကြားရေးမှူး၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) မှာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ်လည်းကောင်း  ကွယ်လွန်ချိန်ထိ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။

ရဲဘော်ကျော်ကိုရဲ့ ဈာပနအခမ်းအနားကို ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေသာမက သူ့ကို ချစ်ခင်လေးစားတဲ့ မဟာမိတ် အဖွဲ့အစည်း အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ တက်ရောက်ခဲ့ကြပါတယ်။

သတင်း – ဖိုးစီ၊ ဓာတ်ပုံ – ကိုဈာန်

 

Tags: ကိုကျော်ကိုဈာပနအေဘီအက်စ်ဒီအက်ဖ်

  • Previous story ချဲလ်ဆီးအသင်းက ဟာဇက်ကို ထွက်ခွင့်ပြုမည်
  • Next story သွေးပျက်ထိတ်လန့်ဖွယ် မြင်ကွင်းများနှင့် ရှုစားရမည့် ဟောလိဝုဒ်ရုပ်ရှင် – BrightBurn (နမူနာ)
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

    • gallery

      ကျောက်တော်မြို့ရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း (ဓာတ်ပုံ)

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 02 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 03 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 04 ပဲခူးမြို့တွင် ၇ နှစ်အရွယ်ကျောင်းသူအား ဦးလေးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား
    • 05 အမေရိကန်တွင်  သေဒဏ်ကျခံနေရသည့် အမျိုးသမီး ၁ ဦးကို ကွပ်မျက်
    • 01 အယ်လ်ဆိုင်းဇီ၏ မြူးကြွသည့် သီဆိုဟန်ဖြင့် “ချစ်သူအပါးကခွာမသွားချင်” သီချင်း (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
    • 02 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 03 တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်
    • 04 ကိုဗစ်ဆေးဝယ်ယူရေး စာချုပ်ချုပ်ဆိုမှု ရပ်တန့်ရန် ချမ်းသာသည့်နိုင်ငံများကို WHO သတိပေး
    • 05 ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် တွေ့ခွင့်ပေးရန်  မိသားစုဝင်များ တောင်းဆို
    • 01 အိန္ဒိယတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု စတင်
    • 02 ယာဉ်တိုက်မှုဖြင့် ဒီးမေ့ာဆိုရဲစခန်းတွင် ချုပ်ထားသူ ၁ ဦး ကိုဗစ်ရောဂါပိုးတွေ့
    • 03 KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
    • 04 ကိုဗစ်-၁၉ ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာ အလုံးပေါင်း ၁၂၀၀ ကျော် ယာယီပိတ်ထားရ
    • 05 မူးယစ်ဆေးပစ်ဖမ်းသလိုမျိုး မီဒီယာများ ရေးသားမှု စုံစမ်းနေဟု ရဲတပ်ဖွဲ့ထုတ်ပြန်
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.