Home
မြန်မာသတင်း
ဟွာဝေး ကုမ္ပဏီ ထုတ်ကုန်များ ပုံမှန်အတိုင်း ၀န်ဆောင်မှုပေးမည်ဟု ကြေညာ
DVB
·
May 20, 2019
မိုဘိုင်းဖုန်းဈေးကွက်ထဲမှာ ဟွာဝေးရဲ့ ရောင်းချပြီး၊ ရောင်းချနေတဲ့ထုတ်ကုန်တွေအနေနဲ့ ဝန်ဆောင်မှုတွေကို ပုံမှန် အတိုင်းရရှိမှာဖြစ်တယ်လို့ ဟွာဝေးကုမ္ပဏီက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ လက်ရှိအချိန်မှာ ဟွာဝေးက ရောင်းချခဲ့ပြီးတဲ့ ထုတ်ကုန်တွေ၊ ဈေးကွက်ထဲမှာ ပစ္စည်းရှိနေတဲ့ ဟွာဝေးထုတ်ကုန်တွေအားလုံးဟာ Security Update အပါအဝင် တခြား Update နဲ့ ဝန်ဆောင်မှုတွေကို အရင်အတိုင်း ဆက်ရမယ်လို့ ဆိုပါတယ်။ အသုံးပြုသူအားလုံးအတွက် ပိုပြီးကောင်းမွန်တဲ့ အတွေ့အကြုံတွေ ပေးနိုင်ဖို့ လုံခြုံစိတ်ချပြီး ခိုင်မာတဲ့ စနစ်ကို ဆက်လက်တည်ဆောက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။ ဟွာဝေးဟာ တကမ္ဘာလုံးမှာ အန်းဒရိုက်စနစ်တိုးတက်ဖို့နဲ့ ကြီးထွားတိုးတက်လာဖို့ အတွက် ဆောင်ရွက်ခဲ့သလို အန်းဒရိုက်ရဲ့ အရေးပါတဲ့ မိတ်ဖက် ဖြစ်တဲ့အတွက် သူတို့ရဲ့ open-source platform နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အသုံးပြုသူတွေ အတွက်သာမက နယ်ပယ်တခုလုံး အကျိုးရှိစေမယ့် အန်းဒရိုက်စနစ်တခု တည်ဆောက်ရေး အတွက် တထောင့် တနေရာက ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်သမ္မတရဲ့ ညွှန်ကြားချက်ထွက်လာပြီးနောက် ဂူဂဲလ်ဟာ  ဟွာဝေးကို အန်းဒရိုက်နဲ့ တခြား ဂူဂဲလ်ရဲ့ ဝန်ဆောင်မှုတွေ မပေးတော့ဘူးလို့ ကြေညာထားပါတယ်။ ဓာတ်ပုံ- HUAWEI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024