ကမ္ဘာ့အဆင့် နောက်ခံလူတဦး ဝယ်ယူပြီး ခံစစ်အားဖြည့်ရန် အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ ကမ္ဘာ့အဆင့်ရှိတဲ့ နောက်ခံလူတဦးကို ဝယ်ယူပြီး ဆိုးရွားလှတဲ့ ခံစစ်ကို အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။ ဂရိနောက်ခံလူ ကော့စ်တက်စ် မန်နိုလက်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းပေးပြီး ခေါ်ယူဖို့ အာဆင်နယ်အသင်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ရိုးမားအသင်းမှာ အကောင်းဆုံး ခြေစွမ်းပြပြီး အခုရာသီ အသင်းနဲ့အတူ ပွဲအားလုံးနီးပါး ကစားထားခဲ့တဲ့ မန်နိုလက်စ်ဟာ ၂၀၂၂ ခုနှစ်မှသာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပေမယ့် ရာသီအကုန်မှာ ရိုးမားအနေနဲ့ စီးရီးအေ ထိပ်သီးလေးသင်းစာရင်း မဝင်ခဲ့ရင် အသင်းကနေ ပြောင်းရွှေ့ခွင့် တရားဝင်ရရှိထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းကလည်း အဲဒီ ဂရိနောက်ခံလူကို စိတ်ဝင်စားနေပြီး အာဆင်နယ်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ ရှိနေပါတယ်။

More News
Up