သစ်ပင်ပေါ်မှ ပြန်မဆင်းတတ်သည့် ကြောင်လေးကို မီးသတ်သမားများ ကယ်ဆယ် (ရုပ်သံ)

1.3K
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က မီးသတ်သမားတွေဟာ သစ်ပင်တပင်ရဲ့ ထိပ်ဖျားပေါ်မှာ နှစ်ရက်ကြာ ပိတ်မိနေတဲ့ ကြောင်လေးတကောင်ကို ကယ်ဆယ်ပေးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ပေါ့တာဗီလီ မီးသတ်ဌာနရဲ့ ဖော်ပြချက်အရ ဌာနရဲ့ မူလအစီအစဉ်ဟာ ကြောင်လေးကို လှေကားအသုံးပြုပြီး ကယ်တင်ဖို့ ဖြစ်ပေမယ့် အရင်က ကြုံတွေ့ခဲ့ရဖူးတဲ့ အတွေ့အကြုံတွေအရ အဖွဲ့ဝင်တွေဟာ ကြောင်ခုန်ချခဲ့ရင် အကာအကွယ်ဖြစ်စေဖို့ လိုအပ်တာတွေကိုပါ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးသမားတွေရဲ့ စီစဉ်မှုဟာ အသုံးဝင်ခဲ့တယ်လို့ ပြောမှာဖြစ်ပြီး ကြောင်လေးဟာ သစ်ပင်ပေါ်ကနေ ရုတ်တရက် ခုန်ချခဲ့ပြီး အောက်မှာရှိတဲ့ အကာအကွယ် ပစ္စည်းတွေကြောင့် ဒဏ်ရာအနာတရ ရတာတော့ မရှိခဲ့ပါဘူး။
အဲဒီနောက်မှာ ဒီကြောင်လေးဟာ အခင်းဖြစ်ရာ နေရာကနေ အဝေးကို ထွက်ပြေးသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။