Home
မြန်မာသတင်း
မိုင်ပေါင်း ၃၀၀၀ ကျော် တကိုယ်တော်စက်ဘီးစီးခရီးစဉ် အဆုံးသတ်
DVB
·
May 20, 2019
ကချင်ပြည်နယ်၊ ပူတာအိုကနေ တကိုယ်တော် စက်ဘီးစီးတဲ့ ကိုဝင်းကိုကိုဟာ ခရီးစဉ်အဆုံးသတ်အဖြစ် တနင်္သာရီတိုင်း ကော့သောင်းမြို့ ဘုရင့်နောင်အငူကို မေ ၁၈ ရက်နေ့ နေ့လယ်က ရောက်ရှိခဲ့ပါတယ်။ တကိုယ်တော်စက်ဘီးစီးအားကစားသမားကို ကော့သောင်းမြို့ အပျော်တမ်း စက်ဘီးစီးအဖွဲ့နဲ့ အားကစားဝါသနာရှင်တွေက လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ အားကစား ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အားကစားဇုန်တွေ ပေါ်ထွက်လာဖို့၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာဖို့နဲ့ လူငယ်တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာဖို့ စတဲ့ ရည်ရွယ်တွေနဲ့ အခုလို စက်ဘီးစီးနင်းတာလို့  ကိုဝင်းကိုကိုက ပြောပါတယ်။ တကိုယ်တော်စက်ဘီးစီးခရီးစဉ်မှာ ပူတာအိုကနေ ကော့သောင်းမြို့အထိ အချိန် ၄ လနဲ့ ၂၅ ရက်ကြာခဲ့ပြီး ခရီးမိုင်ပေါင်း ၃၀၀၀ ကျော်ကို ဖြတ်ကျော်စီးနင်းခဲ့တာဖြစ်ပါတယ်။ ကိုဝင်းကိုကိုဟာ ဧဝရတ်တောင်ကို မြန်မာနိုင်ငံသားတဦးအနေနဲ့ ပထမဆုံး တက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သတင်း-လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024