ခန္တီးမြို့တွင် ဖွဲ့စည်းပုံပြင်​ဆင်​​ရေး လူထုထောက်ခံပွဲ ပြုလုပ်

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး လူထု ထောက်ခံပွဲကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။ လူအင်​အား ၅၀၀ လောက်က ကင်းတော်ကူးတို့ဆိပ်ကနေ ကမ်းနားလမ်း၊ ဈေးလမ်း၊ ဘုရက့်နောင်လမ်း ကနေလမ်းလျှောက်လာခဲ့ပြီး မြို့တွင်းလှည့်လည်​ ​ဆန္ဒပြခဲ့ကြတာပါ။ ”ပြည်​သူ့ဆန္ဒမပါဘဲ ​ရေးဆွဲထားတဲ့ ၂၀၀၈ အ​ခြေခံဥပ​ဒေကို ပြည်​သူ့ဆန္ဒနဲ့ ထပ်​တူကျ​အောင် ပြင်​ဆင်​​စေချင်​ပါတယ်​။ ခြေခံဥပဒေပြင်ဆက်ဖို့ လူတိုင်းမှာ တာဝန်ရှိတယ်၊ လိုလားနေတဲ့ ငြိမ်းချမ်းရေးကို အခြေခံဥပဒေပြင်နိုင်မှရမယ်လို့ လူထုထောက်ခံပွဲ ဦးဆောင်ကော်မတီမှ ဦးမောင်ဆန်းက ပြောပါတယ်။ ခန္တီးမြို့ဘောလုံးအားကစားကွင်းမှာ စာ​ရေးဆရာ ထင်​လင်းဦးနဲ့​ တောင်​လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေကို နိုင်ငံတဝန်း မြို့အတော်များများမှာ ကျင်းပနေကြပါတယ်။ သတင်း၊ ဓာတ်ပုံအောင်ဆန်းမြင့်

More News
Up