Home
မြန်မာသတင်း
မြို့သစ်မြို့တွင် ဗိုလ်ချုပ်အဘိုး ဗိုလ်မင်းရောင်၏ မြင်းစီးရုပ်တုဖွင့်လှစ်
DVB
·
May 19, 2019
မြန်မာ့လွှတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အဘိုး ဗိုလ်မင်းရောင်ရဲ့ ဇာတိမြေဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြို့လုလင်အုပ်စု မြို့လုလင်ကျေးရွာမှာ မေလ ၁၈ ရက်နေ့ မနက်ပိုင်းက ဗိုလ်မင်းရောင် မြင်းစီးရုပ်တုဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။ ဗိုလ်မင်းရောင်မြင်းစီးရုပ်တု ဖွင့်ပွဲအခမ်းအနားကို မကွေးတိုင်းလွှေတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ မကွေးတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက “နယ်ချဲ့အင်္ဂလိပ်ကို ဒူးမထောက် လက်မမြှောက်ဘဲ ရဲရဲထောက် တော်လှန်ခဲ့တဲ့ ဗိုလ်မင်းရောင်ရဲ့ သတ္တိစွမ်းရည်ကို ဂုဏ်ပြုတာလို့ မြင်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ သမိုင်းဂုဏ်ရောင်ပြောင်ခဲ့တဲ့ ဗိုလ်မင်းရောင်ကို စံနမူနာထား အတုယူစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါဝင်တယ်လို့ မြင်ပါတယ်'' လို့​ ပြောပါတယ်​။ ဗိုလ်မင်းရောင် မြင်းစီးရုပ်တုကို မန္တလေးမြို့ မနောမယဆရာတော်ဦးနန္ဒိယက ငွေကျပ်သိန်း ၂၀၊ ဒေသခံပြည်သူတွေက သိန်း ၅၀ စုစုပေါင်းလှူဒါန်းငွေ သိန်း ၇၀ နဲ့ ထုလုပ်ခဲ့တာလို့ သိရပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024