လူမူကွန်ရက်ပေါ် ဟိုးလေးတကျော် ဂယက်ရိုက်ခဲ့သည့် မက္ကဆီကို မင်္ဂလာပွဲ

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်က အကြောင်းအရာတိုင်းကို အပြည့်အဝ မယုံကြည်သင့်ကြောင်း သက်သေပြလိုက်တဲ့ အဖြစ်အပျက်တစ်ခု မကြာသေးခင်က မက္ကဆီကိုနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်လို့ မေ ၁၁ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက မက္ကဆီက လူမူကွန်ရက်အသုံးပြုသူတွေကြားမှာ ဟိုးလေးတကျော် ဖြစ်သွားစေမယ့် ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဓာတ်ပုံတွေမှာ မူလတန်းအရွယ်ကလေးငယ် တဦးနဲ့ သူတို့သမီးဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတဦးတို့ မင်္ဂလာပွဲဆင်နွှဲနေတာကို မြင်တွေ့ခဲ့ရပြီး ဒါဟာ လူကြီးချင်း အတင်းအကျပ်ပေးစာတာ ဒါမှမဟုတ် လူကုန်ကူးနည်းတမျိုးဖြစ်တယ်လို့ လူမူကွန် ရက်အသုံးပြုသူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် အဖြစ်မှန်ကတော့ ဒီထက်ပိုပြီးတော့ စိတ်မကောင်းဖြစ်စရာ၊ စိတ်ထိခိုက်စရာ ကောင်းပါတယ်။ မက္ကဆီကိုနိုင်ငံ အက်ကာပယ်ကို ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်မှာ ဓာတ်ပုံတွေထဲကအတိုင်း မင်္ဂလာပွဲက အမှန်တကယ် ပြုလုပ်ခဲ့ပါတယ်။ သူတို့သားဟာ အသက် ၁၉ နှစ်အရွယ် ဂျိုနသန်ဆိုသူဖြစ်ပြီး သူဟာ ရှားပါးတဲ့ ရောဂါဝေဒနာတမျိုးကြောင့် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုမရှိဘဲ မူလတန်းကလေးငယ်တဦးလို သေးငယ်နေသူဖြစ်ပါတယ်။ ဒါပေမယ့် ဂျိုနသန်ဟာ သူ့ကိုအမှန်တ ကယ်ချစ်မြတ်နိုးမယ့်သူကို ရှာတွေ့ခဲ့ပြီး နောက်ဆုံးမှာ လက်ထပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီသတင်းကို နိုင်ငံတွင်း မီဒီယာတခုက ဦးဆုံးတင်ခဲ့တာဖြစ်ပြီး သူတို့တင်တဲ့ သတင်းမှာတော့ ဂျိုနသန်ရဲ့ အခြေအနေကို အမှန်အတိုင်းရေးသားထားခဲ့ပါတယ်။ ဒါပေမယ့် လူမူကွန်ရက်တွေရဲ့ ထုံးစံအတိုင်း တစုံတဦးက ဒီအခြေအနေအမှန်ကို ထိန်ချန်ကာ တင်လိုက်ခြင်းကြောင့် ဂျိုနသန်တို့ရဲ့ ကြည်နူးစရာ မင်္ဂလာအခမ်းအနားဟာ လူအများရဲ့ ပါးစပ်ထဲမှာတော့ ဝေဖန်ရှုတ်ချစရာ အဖြစ်အပျက်တခုအဖြစ် အသွင်ပြောင်းသွားခဲ့တာပါ။ လက်တွေ့မှာတော့ ဒီဖြစ်ရပ်ဟာ ဟာသတစ်ခု၊ အတင်းအကျပ်လက်ထပ်မှု တခုမဟုတ်ဘဲ လူငယ်စုံတွဲရဲ့ ပျော်ရွှင်စရာမင်္ဂလာရက်မြတ်ဖြစ်ပါတယ်လို့ မက္ကဆီကိုနိုင်ငံတွင်း သတင်းမီဒီယာတွေမှာ ပြန်လည်ဖြေရှင်းခဲ့ရတဲ့အထိ လူမူကွန်ရက်ရဲ့ ဆိုးကျိုးသက်ရောက်မှုဟာ ကြီးမားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up