Home
မြန်မာသတင်း
အထက်မင်းလှမြို့နယ် လိန်​​ကျော​ကျေးရွာကို သောက်သုံးရေ လှူဒါန်း
DVB
·
May 18, 2019
မ​ကွေးတိုင်း​ဒေသကြီး မင်းလှမြို့နယ်​ လိန်​​ကျော​ကျေးရွာမှာ ​သောက်​သုံး​ရေ ပြတ်​လပ်​​နေတဲ့အတွက်​ မလွန်​-မင်းလှ ပရဟိတအဖွဲ့မှ ​မေလ ၁၇ ရက်​​နေ့က စတင်​ပြီး ၁၀ ရက်​စာ ​သောက်​သုံး​ရေ​တွေ လှူဒါန်းပေးနေပါတယ်။ မလွန်​-မင်းလှ ပရဟိတအဖွဲ့မှ ဦး​ဆောင်​သူ​ ​ဒေါက်​တာ ရဲထွန်း​ဇော်​က "အရင်​သုံး​နေတဲ့ ကန်​က ပြန်​ဆည်​လိုက်​တဲ့ အတွက်​ ​မိုးမရွာလို့ ​သောက်​သုံး​ရေပြတ်​လပ်​သွားတာပါ။ စင်ကာပူ​ရောက်​ အလှူရှင်​တေ​​ယောက်​ရဲ့ ပံ့ပိုးမှုနဲ့ တေ​​နေ့ကို ​ရေဂါလန် ၂၀၀၀ နှုန်းနဲ့ ၁၀ ရက်​စာလှူဒါန်း​ပေး​နေတာပါ။ မိုးကျတဲ့အထိ တ​နေ့ကို ​ရေကား နှစ်​စီးနှုန်း လှူဒါန်း​ပေး​​ပေးမှာပါ။” လို့ ပြောပါတယ်။ လိန်​​ကျော​ကျေးရွာမှာ အိမ်​​ထောင်​စု ၆၀ ​ကျော်​ ​လောက်​​နေထိုင်​ပြီး ကျွဲနွား​ကောင်း​ရေ ၂၀၀ ​လောက်​ရှိတယ်​လို့ သိရပါတယ်။ မြန်​မာနိုင်​ငံ အလယ်​ပိုင်း​အပူပိုင်း​ဒေသဖြစ်​တဲ့ မ​ကွေးတိုင်း​ဒေသကြီး အတွင်းက ​ကျေးရွာ​တွေမှာ နှစ်​စဉ်​ ​သောက်​သုံး​ရေပြတ်​လပ်​မှု ပြဿနာနဲ့ ရင်​ဆိုင်​ကြုံ​တွေ့​နေရတာပါ။ ​ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာနအပြင်​ ပြည်​တွင်းပြည်​ပ အလှူရှင်​​တွေ အကူညီနဲ့ ​သောက်​သုံး​ရေ လှူဒါန်းပေးတာ၊ ​ရေတွင်းတူး​ဖော်​​ပေးတာ​တွေ ​ဆောင်​ရွက်​​နေတယ်​လို့ သိရပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024