Home
မြန်မာသတင်း
တိုက်ကြီးတွင် စက်ရုံကြို/ပို့သုံးဘီးဆိုင်ကယ်တိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
May 17, 2019
တိုက်ကြီးမြို့နယ်၊ ပုတ္တကျေးရွာကနေ မှော်ဘီ MGE အထည်ချုပ်စက်ရုံကို ကြို/ပို့ပြု လုပ်နေတဲ့ သုံးဘီးဆိုင်ကယ် ဒီနေ့မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်း သန့်ဇင်အောင် မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်မှာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၄၅ နဲ့ ၄၆ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မူကြောင့် ယာဉ်မောင်း အပါအဝင် ယာဉ်ပေါ်လိုက်ပါလာတဲ့ စက်ရုံဝန်ထမ်း ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီး ၅ ဦးကတော့ စိုးရိမ်ရလို့ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသထားရပါတယ်။ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၉ ဦးကိုကတော့ တိုက်ကြီးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024