DVB Logo
Home
မြန်မာသတင်း
လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၂၀ ကျော်ကို ကယ်ထုတ်
DVB
·
November 7, 2012
လုပ်အားခေါင်းပုံဖြတ်ခံရသည့်  မြန်မာအလုပ်သမား  ၂၀ ကျော်ကို ကယ်ထုတ်
Donate to DVB

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လှောင်ပိတ်ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က   ဒီနေ့မနက် သွားရောက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဝင် ဆရာတော်  ဦးဇောတိကက “စက်ရုံမှာ သိုလှောင်ပိတ်ပြီး ဘယ်မှလည်း မသွားရဘူး၊ တနင်္ဂနွေတောင် ဘယ်မှမသွားရဘူးတဲ့။ အလုပ်လည်းနားခွင့်မရှိ။ အစောကြီးဆင်းရတယ်။ မနက် ၃ နာရီခွဲကထ ည ၈ နာရီထိခိုင်းတယ်တဲ့။ ပုံမှန်လစာ ဘယ်လောက်ရတယ်ဆိုတာလဲ မပြောဘူး။ သူ့စေတနာနဲ့ပေးတာ ယူခဲ့ရတာ ၂ လရှိပြီတဲ့။ သွားကယ်ခဲ့တယ်” လို့ မိန့်ပါတယ်။

[caption id="attachment_31308" align="alignleft" width="300" caption="မဟာချိုင်က ငါးအ၀ယ်ဒိုင်တခုတွင်တွေ့ရသည့် မြန်မာအလုပ်သမားတချို့"][/caption]

အလုပ်သမားအများစုဟာ  ပဲခူးတိုင်း တောင်ငူမြို့နယ် ကန့်နီကျေးရွာက ဖြစ်ပြီး  ပွဲစားရဲ့ အဆက်အသွယ်နဲ့ လွန်ခဲ့တဲ့ ၂ လက ထိုင်းနိုင်ငံထဲ ရောက်လာတာဖြစ်တယ်။

ပွဲစားခ မဟာချိုင်အရောက် တဦး ဘတ် ၁ သောင်း ၆ ထောင် ပေးရမှာဖြစ်ပြီး လစာထဲက ဖြတ်ယူမယ့်အကြောင်း၊ ဒီရောက်ရင် လုပ်အားခ တနေ့ ဘတ် ၂၇၀၊ အချိန်ပို ဆင်းခ  ၅၅ ဘတ်ရမယ်လို့ ပြောပေမယ့် လစာ တပတ်ကို ဘတ် ၁၀၀ ကနေ ၂၀၀ ထိပဲရတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။

အလုပ်ကို မတရားခိုင်းတဲ့အပြင် အပြင်ထွက်ခွင့်မရှိသလို အပေါ်ထပ်နဲ့ အောက်ထပ်ပဲ အတက်အဆင်းရှိတယ်လို့ ဆိုပါတယ်။

“မိဘပို့ဖို့ အဝေးကြီး၊ ဒီမှာစားဖို့တောင် အနိုင်နိုင်။ အလုပ်လုပ်ရတာ ပင်ပန်းလွန်းလို့ မလုပ်ချင်ဘူး၊ အိပ်ရေးတွေလည်းပျက်၊ နားရက်လည်းမရှိ။ ဟိုနေ့က ဗိုက်အောင့်လို့ အလုပ်မဆင်းနိုင်ဘူးဆိုတော့ ဆေးရုံသွားတဲ့၊ ဆေးရုံလည်းမသွား အလုပ်လည်း မလုပ်ရင် အချုပ်ခန်းထဲ ပို့မယ်တဲ့။ အဲတော့ ကြိတ်မှိတ်ပြီး အလုပ်ဆင်းရတယ်။ သူအဲလို အလုပ်နားရင် ခဏ ခဏ ခြိမ်းခြောက်တယ်။ အလုပ်နားရင် အချုပ်ခန်းထဲပို့မယ်၊ မိန်းကလေးတွေဆို မကောင်းတဲ့နေရာ ပို့မယ်ဆိုပြီး ပြောတယ်။”

ဒီလို အဆင်မပြေတဲ့ကိစ္စကို ပြီးခဲ့တဲ့ လကုန်ပိုင်းက မြန်မာပြည်က မိဘဖြစ်သူကို တိုင်ကြားခဲ့ရာမှာ မိဘတွေက သက်ဆိုင်ရာကို တိုင်တန်းခဲ့တဲ့အတွက်  တရွာတည်းသား ပွဲစားဖြစ်သူ ကိုသန်းထိုက်ကို အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က ထိန်းသိမ်း ထားတယ်လို့လည်း အလုပ်သမားက ပြောပါတယ်။

သူတို့ထဲမှာ တချို့က မြန်မာပြည်ကို ဒီနေ့ အပြီးပြန်တော့မှာဖြစ်ပြီး ကျန်သူတွေကတော့ တခြားအလုပ် ဆက်ရှာပြီး လုပ်မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ချောချောမောမော ပြန်ရောက်ဖို့အတွက် လိုအပ်တဲ့ လမ်းစရိတ်နဲ့ မြ၀တီမြို့က သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့လည်း ညှိနှိုင်းပေးပြီး ဖြစ်တယ်လို့ ဦးဇောတိကက မိန့်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013