Home
မြန်မာသတင်း
မေးကြည့် TV အစီအစဉ်သစ် မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ
DVB
·
May 16, 2019
60243435_2216984521701519_7881421604142448640_n
60341685_2216984598368178_5259103903953190912_n
60324608_2216984401701531_181610793735815168_n
60352102_2216984508368187_5764598688286507008_n
သတင်းအချက်အလက်အသိပညာ မျှဝေပေးတဲ့ မေးကြည့် TV အစီအစဉ်သစ် မိတ်ဆက်ပွဲအခမ်းအနားကို  ရန်ကုန်မြို့ Orchid Hotel မှာ ဒီနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သတင်းအချက်အလက်အသိပညာ မျှဝေပေးတဲ့ မေးကြည့် TV အစီအစဉ်ကို DVB သတင်းဌာနက Youth voice Program နဲ့ Myanmar ICT For Development Organization မှ ( Real or Not) ဟုတ်တယ် vs မဟုတ်ဘူး program တို့က ပူးပေါင်းတင်ဆက်ထားတာဖြစ်ပြီး FNF က ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ တီဗွီအစီအစဉ်သစ် မိတ်ဆက် ပွဲအခမ်းအနားမှာ DVB က ဦးတိုးဇော်လတ်၊ Mido က ဒေါ်ဖြူဖြူသီနဲ့ FNF က ဦးအောင်သူဟိန်းတို့က TV အစီအစဉ်နဲ့ပတ်သတ်ပြီး ရှင်းပြခဲ့ပါတယ်။ ပြည်သူလူထုရဲ့ သတင်းအသိပညာ ပိုမိုတိုးပွားလာစေဖို့၊ ပြည်သူလူထုရဲ့ သတင်းအသိပညာ ပိုမိုတိုးပွားလာတာနဲ့အမျှ လူမှုကွန်ရက်မီဒီယာပေါ်က သတင်းအမှားတွေနဲ့ ကောလဟာလတွေကို အလွယ်တကူမယုံကြည်ဘဲ ဝေဖန်ဆန်းစစ်တတ်ဖို့ အတွက်သာမကပဲ မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလတွေမှာ သတင်းအမှားနဲ့ ကောလာဟလတွေကြောင့် မဲဆန္ဒရှင်တွေအပေါ် သက်ရောက်မှု မရှိစေဖို့အတွက် ရည်ရွယ်ပြီး တီဗွီအစီအစဉ်အသစ်တခု ထုတ်လွှင့်တာလို့ ဦးတိုးဇော်လတ်က ပြောပါတယ်။ ဒီမေးကြည့်အစီအစဉ်ကို DVB TV မှာ အင်္ဂါနေ့တိုင်း အပတ်စဉ်ထုတ်လွှင့်ပြသ နေတာဖြစ်ပြီး MIL Kyi Facebook page က ကြည့်ရှုနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024