Home
မြန်မာသတင်း
တပ်မတော်၊ ကြံ့ခိုင်ရေးပါတီတို့နှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ လုံးဝမသက်ဆိုင်
DVB
·
May 16, 2019
60310300_405888390007096_6850063028520484864_n
60555774_405888200007115_6676672591735816192_n
60288024_405888163340452_3991853432238505984_n
60605831_405888300007105_3948145237989261312_n
60201040_405888326673769_8893449412433412096_n
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ တပ်မတော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့နဲ့ လုံးဝမသက်ဆိုင်ဘဲ သီးခြားလွတ်လပ်ပြီး ကိုယ်လမ်းကိုယ်ဖောက်တဲ့ပါတီသာ ဖြစ်တယ်လို့ ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ ဒီနေ့ ဧရာဝတီတိုင်း ပုသိမ်ဟိုတယ်မှာ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဟာ တပ်မတော်အစိုးရ လက်ထက် ထိပ်တန်းခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့သူ တည်ထောင်တဲ့ပါတီဖြစ်လို့ တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ ကျောထောက်နောက်ခံ ရှိနေမလားလို့ သတင်းမီဒီယာတွေကမေးမြန်းခဲ့တဲ့အပေါ် သူရဦးရွှေမန်းက ပြန်လည်ပြောကြားခဲ့တာပါ။ “ဒီပါတီနဲ့ တပ်မတော်နဲ့ လုံးဝမသက်ဆိုင်ပါဘူး။ ဒီတိုင်းပဲ ဒီပါတီနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့လည်း လုံးဝမသက်ဆိုင်ပါဘူး။ သီးခြားလွတ်လပ်ပြီးတော့ နိုင်ငံအတွက် ပြည်သူအတွက်အကျိုးပြုဖို့ တည်ထောင်တဲ့ပါတီသာ ဖြစ်ပါတယ်”လို့ သူရဦးရွှေမန်းက ပြောပါတယ်။ ဒါ့အပြင် အခြားဘယ်အဖွဲ့အစည်းနဲ့မှ ပတ်သတ်မှုမရှိပဲ ကိုယ့်လမ်းစဉ် ကိုယ့်မူ ကိုယ့်ဝါဒနဲ့ နိုးနိုးကြားကြား ကိုယ့်လမ်းကိုယ်ဖောက်တဲ့ ပါတီသာ ဖြစ်တယ်လို့ ပြည်သူ အကျိုးဆောင်ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။ သူရဦးရွှေမန်းဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ မှတ်ပုံတင်ပြီးတဲ့နောက် သူစစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဧရာဝတီတိုင်းက ဖျာပုံမြို့နဲ့ မအူပင်မြို့တွေမှာ မေလ ၁၅ ရက်က ခရိုင်ပါတီရုံးဖွင့်ခဲ့ပြီး မေလ ၁၆ ရက်မှာတော့ ပုသိမ်မြို့မှာ ဧရာတီတိုင်းဒေသကြီးရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။ မြမင်းဦး(ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024