Home
မြန်မာသတင်း
ချောက်​မြို့မ ​ဈေးသူ​ဈေး​သားများကို ​​ချေး​ငွေ ကျပ်​သိန်း ၅၀၀၀ ခန့်​ ​ပေးအပ်
DVB
·
May 16, 2019
59983568_2357109441199134_5248689273980321792_n
မ​ကွေးတိုင်း​ဒေသကြီး ချောက်​မြို့မ​ဈေးသူ​ဈေးသားတွေရဲ့ ​တောင်းဆိုချက်​အရ ​နေပြည်​​တော်​ စည်​ပင်​ဘဏ်​က ​ချေး​ငွေ ကျပ်​သိန်း ၅ ​ထောင်​လောက် ပေးအပ်​ခဲ့တယ်​လို့ မြို့မ​ဈေး ​ချေး​ငွေ​ကော်​မတီက ပြောပါတယ်။ ​ချေး​ငွေရရှိဖို့​ ​ဈေး​ကော်​မတီက ဦး​ဆောင်​ ​တောင်းဆို​တဲ့အတွက် ​နေပြည်​​တော်​ စည်​ပင်​ဘဏ်​က ​ဈေးဆိုင်​ခန်း​ပေါင်း ၂၇၀ ရှိ၊ လူဦး​ရေ ၂၀၇ ဦးအား ကျပ်​သိန်း ၄၈၃၀ ဒီက​နေ့ ​ပေးအပ်​ခဲ့တာပါ။ ​ချေး​ငွေ ​ချေး​တဲ့ဆိုင်တွေဟ]ာ မီးအာမခံ တင်​သွင်းရပြီး ၄ နှစ်​စီမံကိန်းအဖြစ်​ ပထမ ၂ နှစ်​မှာ​ အတိုးလစဉ်​ ​ပေးစပ်​ပြီး ဒုတိယ ၂ နှစ်​မှာ​ ​ချေး​ငွေအရင်း (၈) ရစ်နဲ့ အတိုး ​ပေးဆပ်​သွားရမှာ ဖြစ်​ပြီး အတိုးနှုန်း ၁၃ ရာခို​င်​နှုန်းဖြစ်​တယ်​လို့ ​ကော်​မတီ ဥက္ကဋ္ဌက ​ပြောပါတယ်​။ “တချို့က ​ဈေးဆိုင်​ခန်း​တွေရှိပြီး အရင်းနှီးက မရှိကြဘူး။ တပိုင်​တနိုင်​ အရင်းနှီးက လို​နေတာ အဲဒါ​ကြောင့် ​တောင်းဆိုခဲ့တာ ရခဲ့​တော့ အရင်းအတွက် ​အဆင်​​ပြေသွားတယ်​။ အရင်းနှီးထွက်​လာတယ်​။ ပိုပြီး ရင်းနိုင်​သွားတယ်​” လို့ ​ဈေး​ကော်​မတီ ဒုဥက္ကဋ္ဌ ဦးရာ​ကျော်​က ​ပြောပါတယ်​။ မြို့မ​ဈေး ​ချေး​ငွေ​ကော်​မတီဥက္ကဋ္ဌ ဦး​ခင်​​မောင်​ရီက​ “​ချေး​ငွေပမာဏက ​ဈေးသူ​ဈေးသား​တွေ အ​နေနဲ့ ​ပေါ့​ပေါ့ပါးပါးပါပဲ အဆင်​​ပြေကြမှာပါ။ ဒီတခါ​ပြန်​ပြီးလို့ အားလုံးအဆင်​​ပြေတယ်​ဆိုရင်​ ​နောက်​ထပ်​တဆင့်လည်း ​ဆောင်​ရွက်​​ပေးသွားမှာပါ။ တ​ကယ်​လို့ အချိန်​မီ အတိုး​ပေး​နောက်​ကျသူ ကိုလည်း ​ငွေအ​မောင့် အတိုး​ပေါ် ဒဏ်​​ကြေးသတ်​မှတ်မှာဖြစ်​သလို ၃ လ ၃ ကြိမ်​ ​နောက်​ကျခဲ့ ရင်​​တော့ အ​ရေးယူတဲ့အပိုင်း​ ဆောင်​ရွက်​သွားရမှာ ဖြစ်​တယ်” ​လို့ ​ပြောပါတယ်​။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024