အထက်မင်းလှတွင် လေပြင်းကြောင့် လူနေအိမ် ၁၅ လုံး အမိုးလန်ပျက်စီး
DVB
·
May 16, 2019
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်မှာ မေလ ၁၅ ရက်နေ့ညနေပိုင်းက လေပြင်း တိုက်ခတ်ခဲ့လို့ လူနေအိမ် ၁၅ လုံးနဲ့ နွားတင်းကုတ်တခု အမိုးလန်ပျက်ဆီးခဲ့ပါတယ်။
မင်းလှ မြို့မစခန်းမှူးက "မင်းလှမြို့နယ်ထဲက ညောင်ပင်ကျင်း ကျေးရွာမှ နေအိမ် ၇ လုံး၊ သက္ကယ်ကျင်းကျေးရွာက နေအိမ် ၄ လုံး၊ လဲပင်ကျင်းကျေးရွာက နေအိမ် ၂ လုံး၊ တောင်ဦး ကျေးရွာမှ နေအိမ် ၁ လုံး၊ လက်ခုတ်ပင်ကျေးရွာက နေအိမ် ၁ လုံးနဲ့ နွားတင်းကုတ် ၁ လုံးရဲ့ အမိုးတချို့ လန်ပြီး ပျက်စီးခဲ့တာပါ။ အမိုးလန်ခဲ့တဲ့ နေအိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ ၆၆၀၀၀၀ ကျပ်ခန့် ရှိတယ်" လို့ ပြောပါတယ်။
မလွန်-မင်းလှ ပရဟိတအဖွဲ့မှ ဦးဆောင်သူ ဒေါက်တာရဲထွန်းဇော်က "အမိုးလန် ပျက်စီးခဲ့တဲ့ ဒေသခံပြည်သူတွေ ထိုက်သင့်တဲ့ ကူညီပံပိုးမှုတွေ အမြန်ဆုံးရရှိဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပေးထားပါတယ်။ မကွေးတိုင်းဒေသကြီး လူကယ်ပြန်ဌာနက တာဝန်ရှိသူတွေ ကွင်းဆင်းထောက်ပံ့တာတွေ ပြုလုပ်ပေးမယ် ကြားသိရတယ်"လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ မတ်လ ၃၀ ရက်နေ့ကနေ ဧပြီလကုန်ထိ လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ် ၅၇၉ လုံးနဲ့ ဘာသာရေးအဆောက်ဦ ၁၃ လုံးရဲ့ အစိတ်အပိုင်းတချို့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။
သတင်း-မင်းထီး