မြန်မာ-အိန္ဒိယနယ်စပ်တွင် မြေငလျင်လှုပ်ခတ်

မြန်မာ-အိန္ဒိယ နယ်စပ်မှာ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ မေ ၁၆ ရက်နေ့ မနက် ၁၀ နာရီခွဲကျော်လောက် တမူးမြေငလျင်စခန်းမှ တောင်- အနောက်တောင်ဘက် ၂၅ မိုင် ခန့်ကွာဝေးတဲ့ မြန်မာ-အိန္ဒိယနယ်စပ် မြောက်လတ္တီတွဒ် ၂၃.၈၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၁၇ ဒီဂရီ၊ အနက် ၂၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up