Home
ရုပျသံ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေပြနေသလဲ(ရုပ်သံ)
DVB
·
May 16, 2019
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေ အတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေ ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။ မူဗီခရေဇီတွေကို ပထမဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ မြန်မာပရိ သတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ မင်းသား Keanu Reeves ခေါင်းဆောင် ပါဝင်တဲ့ နာမည် ကြီးရုပ်ရှင် - John Wick: Chapter 3 - Parabellum ! Action Thriller အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကိုတော့ အမေရိ ကန်ရုပ်ရှင်ဒါရိုက်တာ Chad Stahelski က ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး ၂၀၁၄ ခု နှစ်မှာ ပထမဆုံးထွက်ရှိခဲ့တဲ့ John Wick ၊ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ John Wick: Chapter 2 ရုပ်ရှင် Series တွေရဲ့ တတိယမြောက်ရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ နာမည်ကြီး လူသတ်သမား John Wick ဟာ နယူးယောက်မြို့ ကနေ ထွက်ခွာဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ သဘောတူညီထားတဲ့ လူမသတ်ရ စည်းမျဉ်းကို ချိုးဖောက်လိုက်တဲ့အတွက် သူဟာ တကမ္ဘာလုံးက ကြေးစားလူသတ်သ မားတွေရဲ့ အမေရိကန်ဒေါ်လာ ၁၄ သန်းတန် Target ပစ်မှတ်တခုဖြစ်လာခဲ့ပါတယ်။ John Wick အတွက် လွတ်မြောက်နိုင်ဖို့ လမ်းစဟာ တဖြည်းဖြည်း ကျဉ်းမြောင်းလာ ခဲ့ပါတယ်။  ဒီအန္တရာယ်ကနေ လွတ်အောင် သူ့ကို ယုံကြည်နေဆဲဖြစ်တဲ့ ကြေးစားလူ သတ်သမား ပါတနာအမျိုးသမီး Sofia ရဲ့ အကူအညီနဲ့ တခြားကြေးစားလူသတ်သမား တွေနဲ့ ရင်ဆိုင်ကြတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ တကယ်ရော လွတ်မြောက်သွား နိုင်မလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Keanu Reeves နဲ့အတူ နာမည်ကြီး ဟောလိဝုဒ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Halle Berry ၊ Laurence Fishburne ၊ Mark Dacascos ၊ Asia Kate Dillon နဲ့ Lance Reddick တို့ကလည်း အတွဲညီညီ ပါဝင်ထား ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ Rotten Tomatoes မှာတော့ Rating 98 % အထိ ရရှိထားခဲ့တဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ အပစ်အခတ်ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ သ ရုပ်ဆောင်မှုတွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ် တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ့်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့် ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ရုံမတင်ခင်ကတည်းက ပရိသတ်ကြား စိတ်ဝင်စားမှုမြင့်တက်နေခဲ့တဲ့ ဒီရုပ်ရှင် ကားကို Box Office မှာတော့ အမေရိကန်နဲ့ ကနေဒါမှာ ရုံတင်ပြသမယ့် ပထမ သီတင်း ပတ်မှာတင် အမေရိကန်ဒေါ်လာ ၃၅ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားတာပါ။ ကြာမြင့်ချိန် ၁၃၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၁၇ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ ကြော်ငြာထားပါတယ်။ မူဗီခရေဇီတွေကို ဒီတခါ မိတ်ဆက်ပြောပြပေးချင်တာကတော့ ထူးထူးခြားခြား ဟောလိဝုဒ်လူငယ်အချစ်ဒရာမာရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Sun Is Also a Star ! ဒီကားကိုတော့ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. က တင် ဆက်လိုက်တာဖြစ်ပြီး ဟောလိဝုဒ်အမျိုးသမီး ရုပ်ရှင်ဒါရိုက်တာ Ry Russo-Young က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Young Adult Novel အမျိုးအစား စာအုပ်တွေနဲ့ ထင်ရှားတဲ့ Jmaican-American စာရေးဆရာမ  Nicola Yoon ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ် အ သက်သွင်းပုံဖော်ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသား စုံတွဲတတွဲရဲ့ အချစ်အကြောင်းကို ရိုး ရိုးရှင်းရှင်း ရိုက်ပြထားခဲ့တာ ဖြစ်ပါတယ်။ Natasha Kingsley ဟာ Quantum Physics အထူးပြုကျောင်းသူတဦးဖြစ်ပြီး ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတဦး ဖြစ်ပါတယ်။ တရက်မှာတော့ Exchange Program နဲ့ ရောက်လာတဲ့ ကျောင်းသား Daniel Bae နဲ့ ဆုံမိပြီး ချစ်ကြိုက်မိသွားခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်ပဲ Natasha ရဲ့ မိသားစုဟာ နေထိုင်ရာအိမ်ကနေ နှင်ထုတ်ခံရဖို့ အကြောင်းဖန်လာချိန်မှာတော့ ဘာ တွေ ဆက်ဖြစ်လာမလဲ။ သူတို့ ၂ ယောက်ရဲ့ အချစ်ခရီးလမ်းက ဖြောင့်ဖြူးနိုင်ပါ့မလားဆို တာကိုတော့ မကြာခင်မှာ စောင့်မျှော်ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် လူငယ်သရုပ်ဆောင် မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Yara Shahidi နဲ့ Charles Melton တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ သက် ငယ်မုဒိန်းမှု ပညာပေး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဟစ်တိုင် ! ဒီကားကိုတော့ နန်းဒေ၀ီရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာ ရေးဆရာမ သျှင်မရဲ့ ၀တ္ထုကို ကကြိုးရှင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာ ဟိန်းစိုး က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဆင်ဖြူကျွန်းနဲ့ အနီးတ၀ိုက်ဒေသတွေမှာ ပုံဖော်ရိုက်ကူးထားခဲ့ တာဖြစ်ပြီး ၆ နှစ်အရွယ် လူမမယ်သမီးလေးကို မုဒိန်းကျင့်ပြီး သတ်ခဲ့တဲ့ လူ ၂ ယောက် ကို မိခင်က လက်တုံ့ပြန်သတ်ပစ်ခဲ့တဲ့ ဇာတ်လမ်းကို ကျောရိုးယူ ရိုက်ကူးထားခဲ့တာ ဖြစ် ပါတယ်။ အကာအကွယ်မဲ့တဲ့ မြန်မာ့ လူမှုဝန်းကျင်မှာ ခုလိုအဖြစ်အပျက်တွေ ဘယ် လောက်များ နေခဲ့ပြီလဲ။ ဒါကို ဥပဒေကြောင်းအရ ဘယ်လိုအကာအကွယ်ပေး ထားသ လဲ၊ ခုလိုကြုံတွေ့လာခဲ့ရင်၊ ဘာတခုမှဖြစ်မလာခင်မှာ ဘယ်လိုတွေ ပြုမူနေထိုင်သင့်သ လဲစတဲ့ တွေးဆဆင်ခြင်စရာတွေကို ပေးထားတာမို့ ပရိသတ်တွေအတွက် အားပေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲက အဓိက ဇာတ်ကောင် အမှန်တရားကို မြတ်နိုးတဲ့ ကိုယ့်ရင်သွေးအ တွက် အရာအားလုံးကို စွန့်လွှတ်နိုင်တဲ့ မိခင်အမျိုးသမီး ဒေါင်းနီနေရာမှာ သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်က ခေါင်းဆောင်ပါဝင်ထားခဲ့တာပါ။ သူနဲ့အတူ ဒီဇာတ်လမ်းမှာ အဓိက ကျတဲ့ ကလေးဇာတ်ကောင် ဥဒေါင်းငယ်နေရာမှာတော့ ပရိသတ်တွေ ရင်းနှီးကြ ပြီင်္းဖြစ်တဲ့ ကလေးသရုပ်ဆောင် ပြည့်ပြည့်က ပါဝင်ထားခဲ့ပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင်စတဲ့ သရုပ်ဆောင်တွေ အများကြီး က အားဖြည့်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဟစ်တိုင်ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကားကိုတော့ လာမယ့် မေလ ၁၆ ရက် နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ Hollywood Comedy Drama အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ A Dog’s Journey ! နာမည်ကြီးရုပ်ရှင်ကုမ္ပဏီတွေဖြစ်ကြတဲ့ Universal Pictures နဲ့ Amblin Entertainment တို့က တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်ရုပ်သံစီးရီး တွေ ရိုက်ကူးပြီး နာမည်ကြီးတဲ့ ထူးချွန်ဆုတွေ ရရှိထားတဲ့ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Gail Mancuso က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ A Dog’s Purpose ရုပ်ရှင်ရဲ့ နောက်ဆက်တွဲရုပ်ရှင်ကားအနေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Bailey ဆိုတဲ့ ခွေးက လေးတကောင်ရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်းအရာကို ဇာတ်ကြောင်းပြန်ပြောပြတဲ့ ပုံစံနဲ့ ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒီရုပ်ရှင်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လူသားတွေကြားက တွယ် ငြိတတ်တဲ့ သံယောဇဉ်တွေကို ဇောင်းပေးရိုက်ကူးထားခဲ့တာပါ။ Bailey ဟာ သခင်ဖြစ် သူ Ethan ဆိုတဲ့ ကောင်လေးရဲ့ အိမ်မွေးခွေးလေးတကောင် ဖြစ်ပြီး ငယ်ဘ၀ကစလို့ တ ပူးတွဲတွဲရှိနေခဲ့ကြတာပါ။ အဲဒီနောက်တော့ သူ့ရဲ့ ခွေးသက်တမ်း ကုန်ဆုံးလို့ နောက်ဘ ၀ရောက်ချိန်မှာတော့ ဘ၀ပေါင်းများစွာကို သခင်ပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ရပါတယ်။ ဒါ ပေမယ့် သူ့ရဲ့ ဖြစ်တည်မှုနဲ့ ပတ်သက်ပြီး သိရှိခွင့်ရချိန်မှာတော့ အရင်းနှီးဆုံး မိသားစု ဖြစ်တဲ့ Ethan တို့ မိသားစုဆီ ပြန်ဝင်စားခဲ့တဲ့ အကြောင်းကို တင်ဆက်ထားခဲ့တာပါ။ ခုထွက်ရှိလာတဲ့ A Dog’s Journey ကားထဲမှာတော့ Ethan ဟာ အသက်အရွယ်ကြီး သွားခဲ့ပြီဖြစ်ပြီး အိမ်မွေး ခွေးကလေးအဖြစ် ပြန်ဝင်စားဦးမယ့် Bailey က သူ့ရဲ့ မြေးမ လေး CJ ကို ဘဝတိုင်း သွားရောက်တွေ့ဆုံစောင့်ရှောက်ဦးမှာဖြစ်တဲ့ အကြောင်းတွေကို တင်ဆက်ထားတာမို့ ပရိသတ်တွေက ရင်နင့်စရာ၊ ကြည်နူးကြေကွဲစရာ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အဓိကဇာတ်ကောင်ခွေးကလေး Bailey ရဲ့ နောက်ခံအသံကို အမေရိကန်သရုပ်ဆောင်မင်းသား Josh Gad က သရုပ်ဆောင်ပေးထားခဲ့တာဖြစ်ပြီး Ethan အဖြစ် ဟောလိဝုဒ်သရုပ်ဆောင်မင်းသားကြီး Dennis Quaid နဲ့ မြေးမလေး CJ နေရာမှာတော့ ဗြိတိန်သရုပ်ဆောင်မင်းသမီး Kathryn Prescott တို့က ခေါင်းဆောင်ပါ ၀င်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာတော့ Rating 7.1 အထိ ရရှိထားခဲ့တဲ့ ဇာတ်ကားတ ကား ဖြစ်ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား Dialog တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘ အုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် မေလ ၁၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကတော့ ၀ါရင့်သ ရုပ်ဆောင်မင်းသားကြီး ကျော်သူနဲ့ လူငယ်သရုပ်ဆောင်မင်းသား မြင့်မြတ် အတွဲညီညီ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ရုပ်ရှင် - ကျောမှာဂဠုန်ရင်မှာနဂါး ! ဒီကားကိုတော့ ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ် ပြီး နေဇာနည်ရဲ့ ဇာတ်လမ်းကို နေခြည်အောင်သစ်က ဇာတ်ညွှန်းခွဲထားပေး ပြီး ဒါရိုက်တာ နေပိုင်က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ အမုန်းတရားနဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အားပြိုင်မှုတွေကို အတိုင်းသား မြင်တွေ့ ကြရမယ့် ဒီရုပ်ရှင်ကားထဲမှာတော့ ကျော်သူနဲ့ မြင့်မြတ်ကို တိုင်းကျော်နဲ့ ပြည်ကျော်ဆိုတဲ့ ဇာတ်ကောင် နာမည်တွေနဲ့ သားအဖ ၂ ယောက်အဖြစ် ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒါပေမယ့် တာဝန်မကျေတဲ့ ဖခင်ကြောင့် စိတ်နာပြီး အဖေမရှိဘူးလို့ သတ်မှတ်ထားပြီး ဆိုးချင်မိုက်ချင်တိုင်း ဆိုးမိုက်နေတဲ့ သားနဲ့ သားကို အပြစ်မမြင်ပဲ ဘာတွေပဲ ဖြစ်နေပါစေ၊ ခွင့်လွှတ်စိတ်နဲ့ ချစ်ခင်တဲ့ အဖေ။ သူတို့ ၂ ယောက်ကြားမှာ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘယ် အရာတွေက ခုလိုဖြစ်စေခဲ့တာလဲ။ သားအဖ ၂ ဦးကြားက မေတ္တာတရားနဲ့ ကြေကွဲဝမ်း နည်းမှုတွေကို ဘယ်လို ခံစားပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ကျော်သူ၊ မြင့်မြတ်၊ ၀င်းပအိန္ဒြာတို့နဲ့အတူ တခြားသရုပ်ဆောင်တွေ လည်း အများကြီး အားဖြည့်ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ မေလ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကားကိုတော့ လာမယ့် မေလ ၁၆ ရက်နေ့မှာ ရုံတင်ပြ သတော့မှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၄၅ နာရီ၊ ၁၀.၄၅ နာရီတွေမှာ DVB TV channel ကနေ ပုံမှန်တင်ဆက်ပေးနေတာဖြစ်ပြီး မ ကြည့်ရှုလိုက်ရသူတွေအတွက် ကြာသပတေးနေ့မနက် ၉.၁၅ နာရီ၊ နေ့လည် ၁၂.၄၅ နာရီ၊ ၃.၁၅ နာရီ၊ သောကြာနေ့ နေ့လည် ၂.၄၅ နာရီ၊ စနေနေ့ မနက် ၁၁.၄၅ နာရီနဲ့ တ နင်္လာနေ့မနက် ၉.၄၅ နာရီတို့မှာ ပြန်လည် ထုတ်လွှင့်ပြသပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကား တွေ အကြောင်းကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း Like, Share နဲ့ Comment တွေပေးပြီး တော့ အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024