Home
မြန်မာသတင်း
လေယာဉ်ပေါ် ဗီဒီယို ခိုးယူရိုက်ကူးထားခြင်းမဟုတ်ဟု သရုပ်ဆောင် နေမင်းရှင်းလင်း
DVB
·
May 15, 2019
60529090_351710169031897_169885807895642112_o
60347529_351710062365241_7055596644066131968_o
60226933_351710079031906_2937220111011938304_o
60196535_351710045698576_493744385171652608_o
လေယာဉ်ပေါ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေဟာ ခိုးယူ ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ အရေးပေါ် အခြေအနေမှာ ရိုက်ကူးခဲ့တာလို့ သရုပ်ဆောင်နေမင်းက  ရှင်းလင်းပြောကြားလိုက်ပါတယ်။ မေလ ၁၂ရက်က မြန်မာအမျိုးသားလေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ဂီယာ ချို့ယွင်း အရေးပေါ် ဆင်းသက်ခဲ့ရတာနဲ့ ပတ်သက်တဲ့ ဗီဒီယိုမှတ်တမ်းတွေကိစ္စ  ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းရုံးခန်းမမှာပြုလုပ်တဲ့ လေယာဉ်ပေါ်အတွေ့အကြုံ ရှင်းလင်းပွဲမှာ သရုပ်ဆောင်နေမင်းက ပြောသွားတာပါ။ MNA လေယာဉ်မတော်တဆမှုမှာ လေယာဉ်မယ်တွေက ဖုန်းကိုအသုံးမပြုဖို့ အကြိမ်ကြိမ်သတိပေးနေတဲ့ကြားက ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်နေမင်းကို လူမှုကွန်ယက် စာမျက်နှာတွေမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့တာပါ။ MNA လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရာမှာ ခရီးသည်တွေကို ထိခိုက်မှု တစုံတရာမဖြစ်စေဘဲ လေယာဉ်ကို အောင်မြင်စွာဆင်းသက်ပေးနိုင်ခဲ့တဲ့ လေယာဉ်မှူးနဲ့ လေယာဉ်ဝန်ထမ်းတွေကို  မေ ၁၉ ရက် ညနေပိုင်းမှာ ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်မှာ ဂုဏ်ပြုပွဲ ကျင်းပသွားဖို့ ရှိပါတယ်။ ရှေ့ဘီးချမရဘဲ လေယာဉ်ဦးခေါင်းပိုင်းနဲ့ ရှပ်တိုက်ပြီး အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ အဆိုပါလေယာဉ်ပေါ်မှာ သရုပ်ဆောင်နေမင်း၊ သရုပ်ဆောင် မင်းသမီး ယုသန္တာတင်၊ ခင်လေးနွယ် စတဲ့ အနုပညာရှင်တွေလည်း လိုက်ပါလာခဲ့ကြတာဖြစ်ပါတယ်။ သတင်း - ယူမင်းစိုး၊ ဓာတ်ပုံ- Nay Min
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024