Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြို့နယ် ၃ ခုတွင် တိုက်ပွဲဖြစ်၊ နှစ်ဖက် ထိခိုက်ကျဆုံး
DVB
·
May 15, 2019
60347665_789438048078871_3172374926292156416_n
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ နှစ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ ခုရက်ပိုင်း တိုက်ပွဲတွေမှာ တပ်မတော်ဘက်က သေဆုံးသူတွေရှိကာ  ပစ္စတိုသေနတ် တလက်အပါအဝင် လက်နက်တချို့ သိမ်းဆည်းမိခဲ့တယ်လို့ အေအေက ထုတ်ပြန်ထားပါတယ်။ အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက "မနေ့ကဆိုရင် တိုက်ပွဲ အကုန်လုံး ၅ ကြိမ်လောက်တောင်ရှိတယ်။ ပထမ မနက်ပိုင်းမှာ ၃ ကြိမ်။ ညနေပိုင်းမှာ ၂ ကြိမ်လောက်ထပ်ဖြစ်တာရှိ တယ်။” လို့​ပြောပါတယ်​။ ဒါ့အပြင် မြန်မာ့တပ်မတော်ဘက်က ကား ၁၃ စီးပါတဲ့ ယာဉ်တန်းကို အေအေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အကျအဆုံးများတယ်လို့လည်း အေ​အေဘက်က  ​ပြောပါတယ်​။ ဒီရက်​ပိုင်းတိုက်​ပွဲ​တွေအတွင်း အေအေ တပ်ဖွဲ့ဝင်တယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုတွေရှိ တယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကို မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ကြောင်း၊ ဒါပေမယ့်အရေအတွက်ကို မသိ ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကပြောပါတယ်။ "တိုက်ပွဲတွေဖြစ်တာကတော့ ရှိပါတယ်ခင်ဗျ။ လေယာဉ်နဲ့ ပစ်တာတော့ မရှိဘူး။ ၁၃ ရက်နေ့ကနေ ၁၅ ရက်လောက်ထိ ၄၊ ၅ ကြိမ်လောက်ရှိပါတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ အနည်းအကျဉ်းတော့ ရှိပါတယ်ခင်ဗျ။ အရေအတွက်ကတော့ ကျနော်အတိကျ မသိဘူး။ တပ်မတော်ဘက်ကလည်း ထိခိုက်ကျရှုံးမှုရှိတယ်။ အေအေဘက်က ထိခိုက်ကျဆုံးမှုလည်း ရှိတယ်"လို့ ပြောပါတယ်။ မေလ ၁၃ ရက်က ရန်ကုန် စစ်တွေကားလမ်းမပေါ်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား အမျိုးသမီးတဦး ဒဏ်ရာရခဲ့သလို ထောင်နဲ့ချီတဲ့ မြောက်ဦးမြို့နယ်ရှိ တောင်ဦး ရွာသားတွေလည်း ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။ သတင်း-ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024