ကသည်းလက်နက်ကိုင် ၂၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်
DVB
·
May 15, 2019
မြန်မာ-အိန္ဒိယနယ်စပ်၊ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တပ်မတော်က နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိခဲ့တဲ့ ကသည်းလူမျိုး လက်နက်ကိုင် ၂၄ ဦးကို မေလ ၁၅ရက်က ခန္တ္တီးမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ပါတယ်။
ကသည်းလက်နက်ကိုင် ၂၄ ဦးကို ပြီးခဲ့တဲ့ ဧပြီနဲ့ မေလအတွင်းမှာ တပ်မတော်က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆို ထားတာပါ။
အဆိုပါ ကသည်းလက်နက်ကိုင် ၂၄ ဦးဟာ PLA၊ UNLF၊ KYKL ၊ PrePak (Pro) စတဲ့ အာသံပြည်နယ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းတွေက အဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။
အလားတူ NSCNK နာဂလက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် ၅ ဦးဟာလည်း မတ်လ ၂၆ ရက်က တပ်မတော်ရဲ့ ဖမ်းဆီးခံခဲ့ရပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ အမှုရင်ဆိုင်နေရပါတယ်။
သတင်း- ဓာတ်ပုံ- အောင်ဆန်းမြင့်