ယဉ်ကျေးမှုဒုဝန်ကြီး ပြောဆိုချက် သဘင်လောကသားများ ကန့်ကွက်

အောက်တိုဘာ ၂၇ ရက်နေ့ထုတ် မြန်မာဇာတ်သဘင် လောကသားတွေနဲ့ ပတ်သက်ပြီး နာမည်တွေနဲ့ တကွ ဝေဖန်ပြောဆိုထားတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒု - ၀န်ကြီး ဦးသန်းဆွေရဲ့ ပြောဆိုချက်တွေကို မိုးမင်း၊ တင်မောင်ဆန်းမင်းဝင်းနဲ့ ဇာတ်မင်းသားဖိုးချစ်အပါအ၀င် သဘင်လောကသားတွေ မနေ့က ဆီဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ကန့်ကွက်ပြောဆိုလိုက်ပါတယ်။ ဒု - ၀န်ကြီး ဦးသန်းဆွေက ဂျာနယ်အင်တာဗျူးမှာ “အခုခေတ် ဇာတ်သဘင်မှာ နောက်ပိုင်းဇာတ်တွေ မရှိဘူး၊ တင်မောင်ဆန်းမင်းဝင်းတို့ ကျော်ကျော်ဗိုတို့ “က” တာတွေဟာ တောင်ပြေးမြောက်ပြေးဖြစ်နေ တယ်။ ဇာတ်မင်းသား ဖိုးချစ်ဆိုရင် သူ့ဘာသာသူ နာမည်ကြီးတယ်။ သူ့အမြင်မှာတော့ ဘာပညာမှ မရှိဘူး။ ဇာတ်သဘင်သမားတွေ ပညာမပြည့်ဝဘူး၊ ၀မ်းစာ မပြည့်ဝဘူး” စသဖြင့် ပြောဆိုထားပါတယ်။ သဘင်လောကသားတွေကတော့ ဒု - ၀န်ကြီးကို သဘင်ထုတခုလုံးရဲ့ သိက္ခာကို ကျဆင်းစေတဲ့ ပြောဆိုရေးသားမှုတွေကို ရှောင်ကျဉ်ပေးဖို့ တိုက်တွန်းထားပါတယ်။

//
More News
Up