တိုက်စစ်မှူး ဘေးလ်ကို စပါးအသင်းထံ အငှားချရန် ရီးရဲလ် ကမ်းလှမ်း

1.6K
ရီးရဲလ်မက်ဒရစ်အသင်းဟာ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို စပါးအသင်းဆီ အငှားချဖို့ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေပါတယ်။
ရီးရဲလ်အသင်းမှာ အဆင်မပြေဖြစ်နေပြီး ပွဲထွက်ခွင့် နည်းပါးနေတဲ့ ဘေးလ်ကို ထိပ်တန်းအသင်း တော်တော်များများကလည်း အလိုရှိနေကြတာပါ။
ရီးရဲလ်နည်းပြ ဇီဒန်းကတော့ လာလီဂါပွဲစဉ်တွေမှာ ဘေးလ်ကို လူစာရင်းကနေ ချန်လှပ်တာတွေရှိခဲ့ပြီး ရောင်းချဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
စပါးအသင်းအနေနဲ့ ဂါရတ်ဘေးလ်အတွက် တပတ်လုပ်ခ ပေါင် ၂ သိန်းခွဲနဲ့ တနှစ်ငှားရမ်းခ အဖြစ် ပေါင် ၁၀ သန်းပေးမယ်ဆိုရင် ရီးရဲလ်အသင်းက ဘေးလ်ကို အငှားချသွားမယ်လို့ သိရပါတယ်။
ဒါပေမယ့် စပါးအသင်းဘက်ကတော့ ရီးရဲလ်အသင်းက တန်ကြေးလျှော့ချ တောင်းဆိုထားတဲ့ ပမာဏကို ပေးချေနိုင်မလားဆိုတာ ပြောဆိုထားခြင်း မရှိသေးပါဘူး။
ဝေးလ်တိုက်စစ်မှူး ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး ရီးရဲလ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။