သီရိလင်္ကာတွင် အီစတာဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်း အဆိုးရွားဆုံး မငြိမ်သက်မှု ဖြစ်နေ

သီရိလင်္ကာနိုင်ငံမှာ ဗလီဝတ်ကျောင်းတွေနဲ့ မွတ်စလင်ပိုင်ဆိုင်တွေကို တိုက်ခိုက်နေတဲ့အတွက် မေလ ၁၃ ရက်နေ့က အဆောက်အဦ အများအပြား ပျက်စီးနေပြီး အီစတာ ဗုံးခွဲတိုက်ခိုက်မှု နောက်ပိုင်း အဆိုးရွားဆုံး မငြိမ်သက်မှု ဖြစ်ပေါ်နေပါတယ်။ ဒီအကြမ်းဖက်မှုဟာ လူ ၂၅၀ ကျော် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း သီတင်း ၃ ပတ်အတွင်း အဆိုးဆုံးဖြစ်ပြီး နိုင်ငံတဝှမ်း ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ စခဲ့တဲ့ အငြင်းပွားမှုကနေ မေလ ၁၂ ရက်နေ့မှာတော့ ဒါဇင်နဲ့ချီတဲ့လူတွေဟာ ဗလီဝတ်ကျောင်းတွေနဲ့ မွတ်စလင်ပိုင် ဆိုင်တွေကို ခဲတွေနဲ့ ပစ်ပေါက် ဖျက်ဆီးပြီး ခရစ်ယာန်ဘာသာဝင် အများစုရှိရာ ချီလူမြို့မှာ လူတယောက်ကို ဝိုင်းရိုက်နှက်ကြတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။ မေလ ၁၃ ရက်နေ့မှာတော့ ဟီတီပူလာမြို့မှာ တုတ်တွေ၊ ခဲတွေ ကိုင်ဆောင်ထားတဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အသုံးပြု လူစုခွဲခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ နိုင်ငံတဝှမ်း ည ၉ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ကြဖို့ ရဲတပ်ဖွဲ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

More News
Up