ဖွဲ့စည်းပုံ ပုဒ်မ၂၆၁ ပြင်ဆင်ရေးဆက်လုပ်ရန် ကြံ့ခိုင်ရေးပါတီ အရေးကြီး အဆိုတင်

1.8K
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်ပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ အရေးကြီး အဆိုတင်ထားတယ်လို့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေထံက သိရပါတယ်။
ဒီအရေးကြီးအဆိုကို ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးသိန်းထွန်းတင်သွင်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်း အဆုံးအဖြတ်ရယူမယ့် မေလ ၁၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး မစခင် တင်သွင်းခဲ့တာပါ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းကိုတော့ လွှတ်တော်တွင်း ဒီကနေ့မဲခွဲရာမှာတော့ ဒီပုဒ်မကို သီးသန့်ပြင်ဆင်တာမျိုးမလုပ်ဘဲ ၄၅ ဦးပါဝင်တဲ့ ဖွဲစည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်မှာ ထည့်သွင်းသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။