Home
ရုပျသံ
အိန္ဒြာကျော်ဇင် အထူးသရုပ်ဆောင်ထားသည့် သက်ငယ်မုဒိမ်းပညာပေးရုပ်ရှင်-ဟစ်တိုင်(နမူနာ)
DVB
·
May 14, 2019
သက်ငယ်မုဒိမ်းမှု ပညာပေး ရုပ်ရှင်ကားတကားဖြစ်တဲ့ ဟစ်တိုင် ရုပ်ရှင်ကို လာ မယ့် မေလ ၁၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒီကားကိုတော့ နန်းဒေ၀ီရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး စာရေးဆရာမ သျှင်မရဲ့ ၀တ္ထုကို ကကြိုးရှင်က ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာဟိန်းစိုး က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။     ဒီကားကိုတော့ ဆင်ဖြူကျွန်းနဲ့ အနီးတ၀ိုက်ဒေသတွေမှာ ပုံဖော်ရိုက်ကူးထားခဲ့ တာဖြစ်ပြီး ၆ နှစ်အရွယ် လူမမယ်သမီးလေးကို မုဒိန်းကျင့်ပြီး သတ်ခဲ့တဲ့ လူ ၂ ယောက်ကို မိခင်က လက်တုံ့ပြန်သတ်ပစ်ခဲ့တဲ့ ဇာတ်လမ်းကို ကျောရိုးယူရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ အကာအကွယ်မဲ့တဲ့ မြန်မာ့ လူမှုဝန်းကျင်မှာ ခုလိုအဖြစ်အပျက်တွေ ဘယ် လောက်များ နေခဲ့ပြီလဲ။ ဒါကို ဥပဒေကြောင်းအရ ဘယ်လိုအကာအကွယ်ပေးထားသလဲ၊ ခုလိုကြုံတွေ့လာခဲ့ရင်၊ ဘာတခုမှ ဖြစ်မလာခင်မှာ ဘယ်လိုတွေ ပြုမူနေထိုင်သင့်သ လဲစတဲ့ တွေးဆဆင်ခြင်စရာတွေကို ပေးထားတာမို့ ပရိသတ်တွေအတွက် အားပေး ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။     ဒီကားထဲက အဓိက ဇာတ်ကောင် အမှန်တရားကို မြတ်နိုးတဲ့ ကိုယ့်ရင်သွေးအတွက် အရာအားလုံးကို စွန့်လွှတ်နိုင်တဲ့ မိခင်အမျိုးသမီး ဒေါင်းနီနေရာမှာ သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်က ခေါင်းဆောင်ပါဝင်ထားခဲ့တာပါ။ သူနဲ့အတူ ဒီဇာတ်လမ်းမှာ အဓိကကျတဲ့ ကလေးဇာတ်ကောင် ဥဒေါင်းငယ်နေရာမှာတော့ ပရိသတ်တွေ ရင်းနှီးကြပြီးဖြစ်တဲ့ ကလေး သရုပ်ဆောင် ပြည့်ပြည့်က ပါဝင်ထားခဲ့ပြီး တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင်စတဲ့ သရုပ်ဆောင်တွေ အများကြီးက အားဖြည့်ပါဝင်ထား ကြတာ ဖြစ်ပါတယ်။     ဟစ်တိုင်ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ မေလ ၁၁ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေ ကြားထဲမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024