ထရမ့်နှင့် ရှီကျင့်ဖျင်တို့ တွေ့ဆုံဖွယ်ရှိဟု အိမ်ဖြူတော် စီးပွားရေးအကြံပေး ပြော

ဓာတ်ပုံ - Kevin Dietsch/UPI
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ဇွန်လကုန်ပိုင်းမှာ ကုန်သွယ်ရေးအတွက် ဆွေးနွေးဖို့ တွေ့ကောင်းတွေ့ကြမယ်လို့ အမေရိကန်သမ္မတ အိမ်ဖြူတော် စီးပွားရေးအကြံပေး လာရီကဒ်လိုးက မေလ ၁၂ ရက်မှာ ပြောပါတယ်။ ဂျပန်နိုင်ငံမှာကျင်းပမယ့် ထိပ်သီးနိုင်ငံ ၂၀ (G-20) ညီလာခံအတွင်း တွေ့ဆုံကောင်း တွေ့ဆုံမယ်လို့ ကဒ်လိုးက "Fox News Sunday" အစီအစဉ်မှာ ပြောပါတယ်။ တရုတ်ဟာ သူ့ရဲ့ ကတိကဝတ်တချို့ကို နောက်ပြန်ဆုတ်ခဲ့တယ်၊ အခု သဘောတူညီချက် ရရေး တိုးတက်မှုတွေအတွက် အဟန့်အတား ဖြစ်နေတဲ့အချက်က တရုတ်အစိုးရဟာ သူ့ကတိတွေကို ဥပဒေဖြစ်အောင် ပြောင်းတာ သေချာစေရေးဆိုတဲ့ အချက်ပဲလို့ ကဒ်လိုးက ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်က ပြောခဲ့ပါတယ်။

More News
Up