A d v e r t i s e m e n t With Us

ဘူးသီးတောင်တွင် မီးလောင်၊ ဈေးဆိုင် ၂၉ ခန်းနှင့် စာသင်ကျောင်း ၂ ကျောင်း လောင်ကျွမ်း

ဘူးသီးတောင်မြို့နယ်​မှာ မီးဖို မီးကြွင်းမီးကျန်ကတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် စာသင်ကျောင်း ၂ ကျောင်းနဲ့ ဈေးဆိုင်ခန်း ၂၉ ခန်း မီးလောင်ကျွမ်းခဲ့ပါတယ်။ မေ ၉ ရက်နေ့ မနက် ၁ နာရီကျော်လောက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ကွန်တန်းဘင်္ဂါလီကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အလကခွဲ စာသင်ကျောင်း ၁ ​ကျောင်းနဲ့ အာရဗီစာသင်ကျောင်း ၁ ကျောင်း၊ ​ဈေးဆိုင်​ခန်း ၂၉ ခန်း မီးလောင်ပျက်စီးသွားတယ်လို့ မောင်တောခရိုင် မီးသတ်ဦးစီးဌာနက တရားဝင် ​သတင်းထုတ်​ပြန်​ထားပါတယ်​။ မီးလောင်ကျွမ်းမှုမှာ ကွန်တန်းကျေးရွာနေ လာလုရဲ့ အကြော်ဆိုင် မီးကြွင်းမီးကျန်က တဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ရတာလို့ ဆိုပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၂၆ သိန်းကျော်ဖိုး ရှိကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်​။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ အကြော်ဆိုင်ရှင် လာလုကို ညောင်ချောင်းနယ်မြေ ရဲစခန်းမှာ အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ဗညား

A d v e r t i s e m e n t With Us

More News
Up