A d v e r t i s e m e n t With Us

မြိတ်ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး ဆန္ဒထုတ်ဖော် (ဓာတ်ပုံ)

မြိတ်မြို့မှာ ကျောက်မီးသွေးစက်ရုံ ဖျက်သိမ်းရေး၊ ငါးအမှုန့်ကြိတ်စက်ရုံ အနံ့ဆိုးပပျောက်ရေး အတွက် လူထုအင်အား ၂၅၀ နဲ့ လိုက်ပါအားပေးသူ စုစုပေါင်း ၁၀၀၀ ခန့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ကျောက်မီးသွေးစက်ရုံ အလိုမရှိ၊ ငါးမှုန့်စက်ရုံ အနံ့ဆိုး ပပျောက်ရေး ဒို့အရေး။ ငါးမှုန့်စက်ရုံ ထင်းလောင်စာ မသုံးစွဲရေး ဒို့အရေး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒို့အရေး။ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေး ကြွေးကြော်သံတွေနဲ့ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ပွဲကို ဒီနေ့ နံနက် ၈ နာရီ အချိန်မှာ မြိတ်မြို့ နောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားရှိ မြေကွက်လပ်မှာ စတင် စုဝေးပြီး ကမ်းနားလမ်းတလျှောက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမတွင် စုဝေးခဲ့ကြပါတယ်။ ဒီနောက် ဦးဆောင်သူတွေက သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး ဟောပြောခဲ့ပြီး မနက် ၉ နာရီအချိန်လောက်မှာ ဆန္ဒဖော်ထုတ်ပွဲကို ရုပ်သိမ်းခဲ့ကြပါတယ်။ မြိတ်မြို့လူထုကြီးနဲ့အတူ မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားတွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ ဆရာဝန်တွေ ပူပေါင်းပါဝင်ကြပါတယ်။ ဆန္ဒဖော်ထုတ်ပွဲမှာ မြိတ်ခရိုင် လူထုရဲ့ ဆန္ဒသဘောထား ကြေညာချက်ကို တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ Read more

A d v e r t i s e m e n t With Us

More News
Up