DVB Logo
Home
မြန်မာသတင်း
မင်းသား ဒေါင်းနှင့် မျက်နှာသစ်သရုပ်ဆောင်များပါဝင်သည့် “လေဆန်ကကြိုး” ရုပ်ရှင် (နမူနာ)
DVB
·
May 8, 2019
မင်းသား ဒေါင်းနှင့် မျက်နှာသစ်သရုပ်ဆောင်များပါဝင်သည့် “လေဆန်ကကြိုး” ရုပ်ရှင် (နမူနာ)
Donate to DVB

လူငယ်အချစ်ဒရာမာရုပ်ရှင်ကားတကားဖြစ်တဲ့ လေဆန်ကကြိုး ရုပ်ရှင်ကို လာမယ့် မေလ ၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကတော့ Smart Soe ရဲ့ ဇာတ်လမ်းကို နက္ခတ်နီက ဇာတ်ညွှန်းခွဲ ထားပေးပြီး ဒါရိုက်တာ မျိုးမြင့်ဆွေက ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ကိုယ်ယုံကြည်တဲ့ အကပညာတွေ ကြားမှာ မိဘမေတ္တာကိုကျောခိုင်းပြီး ကိုယ့်အိပ်မက်တွေကို ဖန်တီးပုံဖော်နေတဲ့ လူငယ်တဦးအကြောင်းကို ရှုစားကြရမှာပါ။ ရှေးရိုးစွဲလူကြီးတွေနဲ့ လူငယ်တွေကြားမှာ ရှိတတ်တဲ့ မတူညီတဲ့ အယူအဆတွေ၊ လွတ်လပ်မှုနဲ့ အတိုက်အခိုက်တွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ နောက်ပြီး လမ်းမပေါ်က Street Dancer တွေရဲ့ ဖြတ်သန်းမှုတွေနဲ့ လူငယ်တွေရဲ့ အချစ်နဲ့ ဘ၀ဖြတ်သန်းမှုအကြောင်းကို ပရိသတ်တွေက ရှုစားကြရမှာ ဖြစ် ပါတယ်။

ဒီကားထဲမှာတော့ လူငယ်ပရိသတ်ကြိုက် သရုပ်ဆောင်မင်းသား ဒေါင်းနဲ့အတူ ၀ါရင့် သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ ရန်အောင်၊ ဇင်ဝိုင်း၊ လူငယ်မျက်နှာသစ်သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ အောင်လေး၊ Leo၊ အိန်ဂျယ်လမုန်၊ Alice Ong တို့က ပါဝင်သရုပ် ဆောင်ထားကြတာပါ။

ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    ဒေါင်းဟာ သိပ်မကြာခင်က ရုံတင်ပြသခဲ့ပြီး ရုံပြည့်ရုံလျှံအောင်ပွဲခံခဲ့တဲ့ လိပ်ပြာစံအိမ် ရုပ်ရှင်ကားမှာလည်း အပိုအလိုမရှိတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်အားပေးမှုရရှိထားသူ ဖြစ်တာမို့ ဒီကားထဲမှာရော ဘယ်လိုထူးခြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ ပါဝင်ထားမလဲဆိုတာ ကိုတော့ မကြာခင်မှာပဲ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013