A d v e r t i s e m e n t With Us

လာမည့်ရာသီတွင် ဆုဖလားများ ရယူရန် မန်ယူအသင်းခေါင်းဆောင် တိုက်တွန်း

ရာသီကြိုကာလမှာ အကောင်းဆုံး လေ့ကျင့်ပြင်ဆင်ပြီး လာမယ့်ရာသီမှာ ဆုဖလားတွေ ရအောင် လုပ်ဆောင်ဖို့ မန်ယူအသင်းခေါင်းဆောင် အက်ရှ်လေယန်းက တိုက်တွန်းလိုက်ပါတယ်။ မန်ယူနိုက်တက်အသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး တနင်္ဂနွေနေ့က ဟတ်ဒါစ်ဖီးလ်ဒ်အသင်းကို သရေရလဒ်သာ ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။ အခုနှစ်ဘောလုံးရာသီက ရလဒ်တွေနဲ့ ပတ်သက်ပြီး အလွန်စိတ်ပျက်မိတယ်လို့ အက်ရှ်လေယန်းက ဝန်ခံလိုက်ပြီး ယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးထက် ဆုဖလားတွေ ရယူဖို့အတွက်သာ ကြိုးစားသင့်တဲ့အသင်းဖြစ်တယ်လို့ ယန်းက ပြောကြားခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ အဆင့်လေးအတွင်း ဝင်ဖို့အတွက် လုံလောက်တဲ့ခြေစွမ်း မရှိခဲ့ဘူးလို့လည်း အက်ရှ်လေယန်းက ဝန်ခံခဲ့ပြီး အသင်းကို မကူညီနိုင်ဘူးလို့လည်း ဆက်ပြောခဲ့ပါတယ်။ အခုနှစ်မှာ ရလဒ်ဆိုးရွားခဲ့ပေမယ့်လည်း လာမယ့်နွေရာသီမှာတော့ ကိုယ့်အခြေအနေကို ပြန်လည်သုံးသပ်ပြီး ဆုဖလားတွေ ရယူဖို့အတွက် အဆင်သင့်ဖြစ်နေအောင် ကြိုးစားပြင်ဆင်သွားရမှာ ဖြစ်တယ်လို့ အက်ရှ်လေယန်းက ပြောကြားသွားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up