အာဖဂန်နိုင်ငံ ညီညွတ်ရေးအတွက် ဘောလုံးပြိုင်ပွဲ

2K
အာဖဂန်နစ္စတန်မှာ ပထမတန်းစား ဘောလုံးအသင်းတွေ မကြာခင်တုန်းက ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အသင်း ၈ သင်း ၀င်ပြိုင်ခဲ့ကြပြီး ဆုကြေးကတော့ အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ ချီးမြှင့်ခဲ့ပါတယ်။ လူထောင်ပေါင်းများစွာကလည်း တယ်လီဗေးရှင်းကနေ စောင့်ကြည့်ခဲ့ကြပါတယ်။
သတင်းထောက် ဂါယာ ၀ါဇီရီရဲ့ သတင်းပေးပို့ချက်အရဆိုရင် ဘောလုံးပြိုင်ပွဲက ပဋိပက္ခတွေနဲ့ ပြည့်နှက်နေတဲ့ တိုင်းပြည်မှာ ညီညွတ်ရေးကို တည်ဆောက်ပေးနိုင်လိုက်တယ်လို့ ဆိုပါတယ်။