A d v e r t i s e m e n t With Us

အစ္စရေးနှင့် ဂါဇာ အပြန်အလှန် ပစ်ခတ်မှုအတွင်း အစ္စရေး ၃ ဦးနှင့် ပါလက်စတိုင်း ၅ ဦး သေဆုံး

အစ္စရေးနဲ့ ဂါဇာ နယ်စပ်ဖြတ်ကျော် အပြန်အလှန် ပစ်ခတ်မှုအတွင်း မေလ ၅ ရက်နေ့က အစ္စရေးသုံးယောက်နဲ့ ပါလက်စတိုင်းငါးယောက် သေဆုံးခဲ့ပါတယ်။ ဟားမတ်စ် စစ်သွေးကြွအဖွဲ့နဲ့ အစ္စလာမ္မစ် ဂျီဟတ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာဒေသကို အင်အားသုံးတိုက်ခိုက်ဖို့ ညွှန်ကြားထားတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။ အစ္စရေးစစ်တပ်ဟာ မေလ ၃ ရက်နေ့ကတည်းက အစ္စရေးတောင်ပိုင်း မြို့တွေကို ခြေကုပ်ယူပြီး ဂါဇာဒေသဘက်ကို ဒုံးကျည်ပေါင်း ၄၅၀ ကျော်ကို ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ဂါဇာဘက်က Iron Dome ဒုံးကျည်ကာကွယ်ရေး စနစ်သုံးပြီး ကြားဖြတ်ပစ်ချခဲ့တာကြောင့် ဂါဇာစစ်သွေးကြွတွေရှိတဲ့ ပစ်မှတ် ၂၂၀ ကိုသာ ထိမှန်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အီဂျစ်နဲ့ ကုလသမဂ္ဂ ကြားဝင်စေ့စပ်သူတွေကလည်း ဂါဇာနဲ့ အစ္စရေးအကြား  ပဋိပက္ခတွေ ထပ်မဖြစ်အောင် တားဆီးဖို့ ဆောင်ရွက်နေကြပါတယ်။ ပါလက်စတိုင်း ဂျီဟတ် လက်ဖြောင့်သေနတ်သမား တယောက်ရဲ့ လက်ချက်ကြောင့် အစ္စရေးစစ်သားနှစ်ယောက် ဒဏ်ရာရခဲ့တဲ့ မေလ ၂ ရက်နေ့က စပြီး နှစ်ဖက် အခြေအနေတွေ တင်းမာခဲ့ကြတာပါ။ အစ္စရေးရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ဂါဇာမှာ ပါလက်စတိုင်း သေနတ်သမား လေးယောက်ထက်မနည်း သေဆုံးတယ်လို့ စစ်သွေးကြွအုပ်စုတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up