DVB Logo
Home
မြန်မာသတင်း
မွန်ရွာသားများ ပြည်နယ်တရားရုံးကို ဆန္ဒပြကြ
DVB
·
November 1, 2012
မွန်ရွာသားများ ပြည်နယ်တရားရုံးကို ဆန္ဒပြကြ
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသတ်ကျေးရွာက မြေကွက်ရောင်းဝယ်မှုတခုမှာ တရားရုံးရဲ့ စီရင်ဆုံးဖြတ်ချက်ပေါ် မကျေနပ်တဲ့အတွက် ရာနဲ့ချီတဲ့ ရွာသားတွေ ဒီနေ့မွန်းလွဲပိုင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

သူတို့ရွာရဲ့ မူလတန်းကျောင်းပိုင်မြေတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းလင်းက ရောင်းစားကြောင်း ရွာသားတွေကိုယ်စား ဦးစိုးသိန်းဆိုသူက သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။

[caption id="attachment_32604" align="alignright" width="300" caption="ရွာသားများဆန္ဒပြနေစဉ်(ဓာတ်ပုံ- Than Lwin Times)"][/caption]

ဦးထွန်းလင်းကလည်း  တိုင်တန်းသူကို အသရေဖျက်မှုနဲ့ ပြန်တရားစွဲခဲ့ရာပြီး တရားရုံးက ဦးစိုးသိန်းကို အောက်တိုဘာလဆန်းမှာ ထောင်ဒဏ် ၆ လ စီရင်ခဲ့တဲ့အပေါ်မှာ မကျေနပ်တဲ့အတွက် ဆန္ဒပြတာလို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။

လူပေါင်း ၇၀၀ ကျော်လောက်ဟာ ဒီနေ့ မွန်းလွဲ ၁ နာရီကစပြီး ၄၅ မိနစ်လောက် အကြာ ပြည်နယ်တရားရုံးရှေ့မှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးက ပြောပါတယ်။

“အာမခံတင်ထားတယ်၊ ဒါကိုလည်း မပေးဘူး။ သပ်သပ် အချိန်ဆွဲထားတယ်။ အပြစ်မရှိတဲ့ ဦးစိုးသိန်းဆိုတဲ့ လူဟာ ရွာအကျိုး ရှေ့ဆောင်ရှေ့ရွက်လုပ်နေသူပါ။ ရွာကလူတွေက သူ့အတွက် ယူကြုံးမရဖြစ်တယ်။ သည်းမခံနိုင်တဲ့အဆုံး ဒါကြောင့် အော်ကြတာပါ။ အမှန်တရားပေါ်ပေါက်ရေး ဒို့အရေး၊ အမှန်တရားဖော်ထုတ်ရေး ဒို့အရေး၊ ဦးစိုးသိန်းလွတ်မြောက်ရေး ဒို့အရေးလို့ အော်ကြပါတယ်။”

ဒီမကျေနပ်မှုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က မြို့နယ်တရားရုံးရှေ့မှာ ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့်လည်း အာဏာပိုင်တွေက ဒီအမှုဟာ အယူခံတင်လို့ရတယ်လို့ဆိုပြီး ခွင့်မပြုခဲ့ပါဘူး။ ဒါကြောင့် အဲဒီနေ့က မြို့နယ်ရုံးကို ဆန္ဒပြဖို့ ရွာကနေ ထွက်ခွာလာတဲ့ ရွာသား ၅၀၀ ကျော်ဟာ မော်လမြိုင်မြို့မှာရှိတဲ့ ပြည်နယ်တရားရုံးရှေ့မှာပဲ အင်အားစုဝေး ပြသခဲ့ပါတယ်။

တရားရုံးက ဒီအမှုကို နိုဝင်ဘာလ ၈ ရက်နေ့မှာ စစ်ဆေးကြားနာဖို့ ရက်ချိန်းပေးခဲ့ပေမယ့်လည်း ဦးစိုးသိန်းကို အာမခံနဲ့ အပြင်ထွက်လာခွင့်မပြုတဲ့အတွက် ခုလို ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုဆန္ဒပြတာဟာ နောက်နောင် သူတို့နယ်မြေထဲမှာ  တရားစီရင်မှုမျှတဖို့၊ အဖြစ်မှန်ဖော်ထုတ်နိုင်စေဖို့အတွက် ပြရတာလို့လည်း ဆန္ဒပြပွဲ ဦးဆောင်သူက ပြောပါတယ်။

အမှုအခင်းဖြစ်နေတဲ့ ဓမ္မသတ်ကျေးရွာ မူလတန်းကျောင်းပိုင်မြေတွေဟာ အကျယ်အ၀န်း ၁.၃၈ ဧက ရှိပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းက လွန်ခဲ့တဲ့ ၄ နှစ်လောက်ကစပြီး အကွက်ပေါင်း ၈ ကွက် ချပြီးတော့ တကွက်ကို အနည်းဆုံး ကျပ်သိန်း ၉၀ နဲ့ ၁၀၀ ကြားမှာ ရောင်းစားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းလင်းကို ဒီဗွီဘီက ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013