DVB Logo
Home
သတင်းတို
နိုဝင်ဘာ ၃ ရက်နေ့ ယုဇန ဥယျာဉ်မြို့တော်တွင် ဆန္ဒပြမည်
DVB
·
November 1, 2012
Donate to DVB

ကုမ္ပဏီတခုက မြို့တော် ဖော်ထုတ်ထားပေမယ့် အဆင့်အတန်းနိမ့်တဲ့ စီမံခန့်ခွဲမှုနဲ့ ၀န်ဆောင်မှုကို မကျေနပ်တဲ့အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် နေထိုင်သူတွေ နိုဝင်ဘာ ၃ ရက်နေ့ ဆန္ဒပြကြမယ်လို့ ကိုယ်တိုင်ပါဝင်မယ့် ကိုမိုးကျော်က ဒီဗွီဘီကို ပြောပါတယ်။

မြို့တော်နေထိုင်သူတွေ အဓိက ဒုက္ခခံစားရပြီး ပြဿနာတက်ရတဲ့ ကိစ္စကတော့ သန့်ရှင်းတဲ့ ရေမရရှိမှု၊ လမ်းတွေ မီးထွန်းမပေးဘဲ မှောင်မဲနေမှု၊ မိုးရာသီရောက်တိုင်း ရေတင်ပြီး သွားလာခက်ခဲမှု၊ နဂို ဖော်ထုတ်ပေးထားတဲ့ ကစားကွင်းတွေ အသိမ်းခံရတာ ပြန်လည်ဖော်ထုတ်ပေးဖို့ စတဲ့အချက်တွေဖြစ်ပါတယ်။

အဓိက ရေပြဿနာကို မြို့တော်နေသူအားလုံး ရင်ဆိုင်နေရပြီး အ၀ီစိတွင်းရေတွေ သန့်ရှင်းမှု လုံးဝမရှိတာ၊ ၃ - ၄ ထပ် တိုက်ခန်းတွေဆီ ရေမတက်လို့ နှစ်စဉ် ရေစည်လှည်း တွေဆီ ကနေ ရေ၀ယ်ယူရတဲ့ ပြဿနာက အကြီးဆုံးဖြစ်တယ်လို့ ပြောပြကြ ပါတယ်။

၁၉၉၀ နောက်ပိုင်း စစ်အစိုးရက ပုဂ္ဂလိက ကုမ္ပဏီတွေကို မြို့သစ်ဖော်ထုတ်ရေး လုပ်ပိုင်ခွင့်ပေးခဲ့ ရာမှာ ယုဇန ကုမ္ပဏီက ဒီမြို့သစ်ကို ဖော်ထုတ်ပြီး တိုက်ခန်းတွေ ရောင်းချခဲ့တာဖြစ်ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေမှာ မြို့တော်စီမံခန့်ခွဲသူတွေကို မကျေနပ်လို့ ဆန္ဒပြတာကတော့ ဒါ ပထမဦးဆုံး အကြိမ်ဖြစ်မယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013