DVB Logo
Home
မြန်မာသတင်း
အမြဲတမ်းနေထိုင်ခွင့်စနစ်အတွက် ဆွေးနွေး
DVB
·
November 1, 2012
အမြဲတမ်းနေထိုင်ခွင့်စနစ်အတွက် ဆွေးနွေး
Donate to DVB

မြန်မာဒုတိယသမ္မတ ၂ ဦးဥာဏ်ထွန်းဦးဆောင်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (ပီအာရ်) စနစ် တရပ်ပေါ်ပေါက်ရေး ဆွေးနွေးကြတယ်လို့ အစည်းအဝေးတက်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောပါတယ်။

ပီအာစနစ်ပေါ်ပေါက်ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ စီမံခန့်ခွဲရေးကော်မတီတရပ် ဖွဲ့စည်းထားပြီး တခြားနိုင်ငံတွေက ကျင့်သုံးနေတဲ့ ပီအာစနစ်ကို လေ့လာပြီး ဥပဒေကြမ်းတခု ပြုစု ထားတယ်လို့ ပြောပါတယ်။

[caption id="attachment_32594" align="alignleft" width="300" caption="ဒုတိယသမ္မတ ဦးဥာဏ်ထွန်း"][/caption]

အခုအစည်းအဝေးမှာ အဲဒီဥပဒေကြမ်းကို ကော်မတီဝင်တွေ၊ ပြင်ပပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။ စီမံခန့်ခွဲရေးကော်မတီမှာ ဥက္ကဋ္ဌအနေနဲ့ ဒုသမ္မတ ၂ က တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် ၀န်ကြီး ဦးခင်ရီက တာဝန်ယူထားတယ်လို့ ပြောပါတယ်။

ပထမအကြိမ် အစည်းအဝေး ပြုလုပ်တာဖြစ်တဲ့အတွက် အချောသတ်ဖို့ အများကြီးလိုသေးတယ်လို့ ဦးမောင်မောင်သန်းက ပြောပါတယ်။

“ကျနော်တို့ အဆင့်တွေ အများကြီးလုပ်ရဦးမယ်။ နောက်ထပ် ပညာရှင်တွေနဲ့ အလားတူ

အသေးစိတ်၊ လ၀က ဒု-၀န်ကြီးတပါးက ဦးစီးပြီး အောက်ခြေအဆင့်တွေမှာ ထပ်ပြီးအကျေအလည် ဆွေးနွေးမယ်။ ပြီးရင် ဒုတိယ သမ္မတနဲ့ စီမံခန့်ခွဲမှုကော်မတီမှာ တင်ပြမယ်။ အဲက လမ်းညွှန်ချက်နဲ့အညီ နောက်တခါ ပြင်ဆင်ပြုပြင်တာ၊ ဘာတွေထည့်ဖို့လိုမလဲ အဲလို အဆင့်ဆင့်သွားရမှာပေါ့။ ပြီးတဲ့အခါ ဘာနဲ့လုပ်မလဲ။ ဥပဒေနဲ့လုပ်မလား၊ ညွှန်ကြားချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့လုပ်မလား အဲလိုပေါ့။ ဒါက အခုမှ စ ပထမဆုံးလုပ်တဲ့အစည်းအဝေးပါ။ ရှေ့လျှောက်တောက်လျှောက်ကို သွားရဦးမှာပါ။ ၁ လ တကြိမ်ဖြစ်ဖြစ် အစည်းအဝေးတွေကလုပ်ရမှာ။ ၄ လလောက်ဆို ဒါဟာ ပေါ်လာမှာပေါ့။ ပေါ်လာပြီဆိုရင် အစိုးရအဖွဲ့ကို တင်မယ်။ ပြီးရင် ဆက်လက်လိုအပ်တာတွေ ဆောင်ရွက်ပါမယ်။”

မကြာသေးခင်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမြဲတမ်းနေထိုင်ခွင့်နဲ့ ပတ်သက်လို့ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိပြီး အဲဒီနိုင်ငံသားခံယူထားတဲ့ မြန်မာတွေအနေနဲ့ ကိုယ်နိုင်ငံကို ပြန်လာချင်သူတွေ၊ ပြန်လည်ပတ်ချင်သူတွေနဲ့ ပတ်သက်လို့ ၂ နိုင်ငံ နိုင်ငံသားစနစ်ကိုတော့ လက်ခံမှာ မဟုတ်ပေမယ့် အမြဲတမ်းနေထိုင်ခွင့်စနစ်တခုကို စီစဉ်မယ်လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

အစိုးရတာဝန်ရှိသူတဦးကလည်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ကျဉ်းဖွယ်ရှိတဲ့ နိုင်ငံခြားသားတွေကို  ၃ နှစ် သက်တမ်း၊ ၅ နှစ် သက်တမ်းစသဖြင့် နေထိုင်ခွင့်ပေးသွားဖို့ ရည်ရွယ်တယ်လို့ ထုတ်ပြောထားပါတယ်။

မြန်မာနိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေအရ နိုင်ငံခြားသား ခံယူထားသူ မြန်မာတွေ အနေနဲ့ မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားလိုပါက နိုင်ငံခြားသားဘ၀ကို စွန့်လွှတ်ပြီးမှ လျှောက်ထားခွင့်ပြုမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013