လေပြင်းကြောင့် ပဲခူးတိုင်းတွင် နေအိမ် ၁၀ လုံး ပြိုကျ၊ ၃၀ အမိုးလန်ပျက်စီး
DVB
·
May 4, 2019
ပဲခူးတိုင်းဒေသကြီးမှာ မေ ၃ ရက်နေ့ ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀ လုံး ပြိုကျခဲ့ပြီး အလုံး ၃၀ အမိုးလန်ပျက်စီးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
လေပြင်းကြောင့် သနပ်ပင်မြို့နယ်၊ တာဝကျေးရွာနဲ့ ရေကျော်ရပ်ကွက်တို့ရှိ နေအိမ် ၉ လုံး ပြို၊ ၁၉ လုံး အမိုးလန်ပျက်စီးခဲ့ပါတယ်။
သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာရှိ နေအိမ် ၃ လုံး အမိုးလန်ပျက်စီးခဲ့ပြီး ပြည်မြို့နယ် ရွှေကြို့ပင်ကျေးရွာပါ ၂ ရွာမှာ နေအိမ် ၁ လုံးပြို၊ ၁ လုံး အမိုးလန် ပျက်စီးခဲ့ပါတယ်။
ရွှေတောင်မြို့နယ် ရွှေတောကျေးရွာပါ ၃ ရွာမှာ နေအိမ် ၇ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ် သီပေါမြို့နယ် မိုင်းခေး ကျေးရွာမှာလည်း မေ ၃ ရက်နေ့က လေပြင်းကြောင့် နေအိမ် ၁၃ လုံး အမိုးလန်ပျက်စီးခဲ့တယ်လို့ သိပါတယ်။