A d v e r t i s e m e n t With Us

ဖလော်ရီဒါတွင် ဘိုးရင်းလေယာဉ် ပြေးလမ်းချော်ပြီး စိန့်ဂျွန်မြစ်တွင်း ဆင်းသက်

ခရီးသည် ၁၃၆ ဦး တင်ဆောင်လာတဲ့ ဘိုးရင်း 737 လေယာဉ်ဟာ မေလ ၃ ရက်က  ဖလော်ရီဒါပြည်နယ် ဂျက်ဆင်ဗေးလ်မြို့အနီးအဆင်းမှာ ပြေးလမ်းချော်ပြီး စိန့်ဂျွန်မြစ်အတွင်း ဆင်းသက်ခဲ့ပါတယ်။ ဂျက်ဆင်ဗေးလ်မြို့တော်ဝန်က လေယာဉ်ပေါ်လိုက်ပါသူအားလုံး ဘေးကင်းတယ်လို့ တွစ်တာမှာ ရေးခဲ့ပေမယ့် လေယာဉ်အမှုထမ်းတွေဟာ ရေပေါ်မှာ လေယာဉ်လောင်စာဆီကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီဖြစ်ရပ်ကြောင့် လူသေဆုံးတာ မရှိပေမယ့်  ဒေသ WOKV-TV သတင်းဌာနကတော့ လူ နှစ်ယောက်ထက်မနည်း ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ ပြောပါတယ်။ ဂွါတာနာမို ပင်လယ်အော် ရေတပ်စခန်းကနေ ပျံသန်းလာတဲ့ အဲဒီလေယာဉ်ဟာ ဒေသစံတော်ချိန် ၁၀ နာရီ ၀န်းကျင်မှာ ပြေးလမ်းချော်ပြီး မြစ်အတွင်း ဆင်းသက်ခဲ့တယ်လို့ လေတပ်စခန်းက ပြောပါတယ်။ Miami Air International တံဆိပ် ပါရှိတဲ့ ဘိုးရင်း 737 လေယာဉ်ဟာ ရေတိမ် စိန့်ဂျွန်မြစ် အတွင်း အပျက်အစီးမရှိ တည်ရှိနေတဲ့ ဓာတ်ပုံနှစ်ပုံကို  ရဲတပ်ဖွဲ့တွစ်တာ ရေးသားချက်ဘေးမှာ အတူယှဉ်တွဲ ဖော်ပြခဲ့ပါတယ်။ ဘိုရင်းကုမ္ပဏီကတော့ ဒီဖြစ်ရပ်ကိုသိရှိပြိး သတင်းအချက်အလက်တွေ စုဆောင်းနေတယ်လို့ ကုမ္ပဏီပြောခွင့်ရပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up