ဖွဲ့စည်းပုံပြင်ဆင်ရေး တမူးဆန္ဒပြပွဲ လူအင်အား ၃၀၀၀ ခန့် ပါဝင်

၂၀၀၈ အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး ထောက်ခံဆန္ဒပြပွဲကို စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပြီး လူ ၃၀၀၀ လောက် ပါဝင်ခဲ့ကြပါတယ်။ တမူးခရိုင် ​တမူးမြို့မှာ ဒီနေ့မနက် ၉ နာရီက ဗိုလ်​ချုပ်​ပန်းခြံကနေ တမူးမြို့အတွင်း လူအင်​အား ၃၀၀၀ နဲ့ မြို့တွင်းလှည့်လည်​ပြီး ​ဆန္ဒပြခဲ့ကြတာပါ။ ''ပြည်​သူ့ဆန္ဒမပါဘဲ ​ရေးဆွဲထားတဲ့ ၂၀၀၈ အ​ခြေခံဥပ​ဒေကို ပြည်​သူ့ဆန္ဒနဲ့ ထပ်​တူကျ​အောင် ပြင်​ဆင်​​စေချင်​ပါတယ်​။ ဒါမှလည်း ဒီမိုက​ရေစီရဲ့ အနှစ်​သာရကို ပြည်​သူ​တွေ အပြည့်အဝ ခံစားနိုင်​မယ်​” လို့ ​ဦး​ဆောင်​သူတဦးဖြစ်တဲ့ ​ဒေါ်ချိုချို​အောင်က ပြောပါတယ်​။ ဗိုလ်ချုပ်ပန်းခြံထဲမှာလည်း စာ​ရေးဆရာ ထင်​လင်းဦးနဲ့​ တောင်​လုံးပြန်တို့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောခဲ့ကြပါတယ်။ ဆန္ဒထုတ်​​ဖော်​ပွဲမှာ ​ပါဝင်​သူတ​ဦးက ပြည်​သူကို ​ဘောင်​ခတ်​ထားတဲ့ ၂၀၀၈ အ​ခြေခံဥပ​ဒေကို ပြင်​ဆင်​​စေချင်​တာကြောင့် ဒီ​ဆန္ဒပြပွဲမှာ ပါဝင်​ခဲ့တာလို့ ပြောပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေကို နိုင်ငံတဝန်း မြို့အတော်များများမှာ ကျင်းပနေကြပါတယ်။ သတင်း၊ ဓာတ်ပုံ - ဂေါင်ဂေါင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up