DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးသဘောတူညီချက်များ အစိုးရ ချိုးဖောက်ဟု ကရင်နီလူမှုအဖွဲ့ပြော
DVB
·
October 31, 2012
ငြိမ်းချမ်းရေးသဘောတူညီချက်များ အစိုးရ ချိုးဖောက်ဟု ကရင်နီလူမှုအဖွဲ့ပြော
1 / 2
Donate to DVB

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) နဲ့ သဘောတူခဲ့တဲ့  ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို မြန်မာအစိုးရက ချိုးဖောက်ကျူးလွန်နေတယ်လို့ ကရင်နီလူမှုအဖွဲ့အစည်း ကွန်ရက် (ကေစီအက်စ်အန်) က ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကရင်နီလူမှုအဖွဲ့အစည်း ကွန်ရက်က အခုလို ပြောဆိုလိုက်တာဖြစ်ပြီး မြန်မာ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အားပျော့အောင် လုပ်ဆောင်နေတာ ရပ်တန့်ဖို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_32560" align="alignleft" width="300" caption="ကရင်နီလူမှုအဖွဲ့အစည်းကွန်ယက် သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ်"][/caption]

နှစ်ဖက်အကြား ၆ လတာ အပစ်အခတ်ရပ်ခဲ့ချိန်မှာ နှစ်ဖက်ပြုလုပ်ထားတဲ့  ငြိမ်းချမ်းရေး သဘောတူညီချက်တွေကို အစိုးရတပ်က ချိုးဖောက်မှုတွေလုပ်နေတယ်လို့ ကရင်နီလူမှု အဖွဲ့အစည်းများ ကွန်ရက်က ခူးသောရယ်က ပြောပါတယ်။

ကေအန်ပီပီ ထိန်းချုပ်ရာဒေသတွေမှာ အစိုးရတပ်တွေ သွားလာမှုတွေပြုလုပ်တဲ့ အခါ ကေအန်ပီပီကို အသိပေး အကြောင်းကြားတာ မရှိတာကြောင့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရသလို  စစ်လေ့ကျင့်ရေး သင်တန်းကွင်း တည်ဆောက်ရေးစီမံကိန်းကို နှစ်ဖက်ပူးပေါင်းပြီး လူထုသဘောထား စုံစမ်းလေ့လာဖို့ သဘောတူထားပေမယ့် လိုက်နာခြင်း မရှိတာတွေကို ထောက်ပြဝေဖန်ထားပါတယ်။

“တပ်စခန်းတခုနဲ့ တခုကြား သွားလာဖို့လိုရင် သုံးရင် လမ်းမကိုပဲ သုံးဦးမယ်။ တခြားရွာတွေ နယ်တွေမှာ သွားလာရင် အကြောင်းကြားပြီးမှ သွားလာဖို့ သဘောတူညီချက်ရှိထားတယ်။ သဘောတူထားတာတွေ ကျော်ပြီးမှ အကြောင်းကြားရမယ်ဆိုပြီး စာရောက်တယ်။ စာလည်းရောက် တပ်လည်း တခါတည်းရောက်တွေ ခဏခဏဖြစ်တယ်။ ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့လို့ တိုက်ပွဲ ၁ ခါဖြစ်တယ်။ အမှတ် ၁၄ လေ့ကျင့်ရေးကျောင်းနဲ့ ပတ်သက်လို့ ပြည်နယ်အဆင့်အစိုးရနဲ့ ကေအန်ပီပီ ပူးတွဲစုံစမ်းရေးကော်မတီတခုဖွဲ့မယ်။ အဲကော်မတီကနေ လေ့ကျင့်ရေးကျောင်းကိစ္စကို ဒေသခံလူထုသဘောထားကို ကောက်ယူမယ်။ ရရှိတဲ့ အချက်အလက်ကို မှတ်တမ်းလုပ်ပြီး သမ္မတဆီတင်ပြမယ်ပေါ့။ ဒါပေမယ့် တကယ်သွားတဲ့အခါ ကေအန်ပီပီကိုယ်စားလှယ်က ဓာတ်ပုံမရိုက်ရတာတို့ ဘာတို့ဖြစ်တယ်။ အစီရင်ခံစာရေးတော့လည်း သူတို့သဘောချည်းပဲ ထည့်ရေးရတာတို့ဘာတို့ အဲ့အစီရင်ခံစာကို ကေအန်ပီပီက ပြန်ကန့်ကွက်တယ်။ အဲလိုဖြစ်နေတဲ့ကြားထဲမှာ စီမံကိန်းကို ဆက်ပြီး တပတ်ကို အိမ် ၁ လုံး၊ အဆောက်အအုံ ၁ လုံး ဆက်လုပ်သွားနေတယ်။”

သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းတွေကို လေ့လာစောင့်ကြည့်ဖို့ လူမှုရေးအဖွဲ့အစည်းတွေကို လေ့လာခွင့်ပြုဖို့ သဘောတူခဲ့ပေမယ့် အစိုးရဘက်က လိုက်နာမှုမရှိဘူးလို့ ခူးသောရယ်က ပြောပါတယ်။

“စီမံကိန်းတွေနဲ့ ပတ်သက်လို့ လူသိသူသိဖြစ်အောင်၊ ပွင့်ပွင့်လင်းလင်းဖြစ်အောင်လုပ်မယ်။ လေ့လာလို့ရတယ်၊ သွားလို့ရတယ်ဆိုတဲ့ သဘောတူညီချက်ရှိတယ်။ ကျနော်တို့က ကေအန်ပီပီနဲ့ ညှိပြီးတော့မှ ကေစီအက်စ်အန်အနေနဲ့ အစိုးရကို အကြောင်းကြားပြီး သွားတယ်၊ ဟိုရောက်တော့ သွားမရဘူး။ ဟိုမှာထိုင်တဲ့ ဗိုလ်မှူးက သူ့ရာထူးနဲ့ သွားရ မရ ခွင့်ပြုလို့မရဘူးတဲ့။ အထက်ကိုတင်ပြပေးမယ်ပြောပြီး အထက်က ခွင့်မပြုလို့ထင်တယ်၊ ဘာမှအကြောင်းပြန်မလာတော့ ကျနော်တို့လည်း ပေးမသွားတာပဲလို့ သဘောထားတယ်။ ဒါနဲ့ ဒီတိုင်းလှည့်လာခဲ့ရတယ်။”

အစိုးရဘက်က နှစ်ဖက်သဘောတူညီချက်တွေ ဖောက်ဖျက်ခဲ့တာတွေကို လွန်ခဲ့တဲ့ ဩဂုတ်လတုန်းက ကေအန်ပီပီအဖွဲ့ကလည်း ထုတ်ဖော်ပြောဆိုဖူးပါတယ်။

ကေအန်ပီပီနဲ့ အစိုးရတပ်တို့အကြား အခုလို အခက်ခဲရှိနေပေမယ့်လည်း အပစ်အခတ်ရပ်စဲပြီး နောက်ပိုင်း လူထုတွေအနေနဲ့ လုပ်ကိုင်စားသောက်တာတွေ ပိုပြီးလွတ်လပ်လာသလို ပြောရဲဆိုရဲလည်း ရှိလာကြတယ်လို့ သူက ပြောပါတယ်။

မြန်မာအစိုးရကို နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်နေတဲ့  ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(ကေအန်ပီပီ) ဟာ အစိုးရနဲ့  အခုနှစ် မတ် ၇ ရက်နေ့က အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ဇွန် ၉ ရက်နေ့မှာတော့ အပစ်အခတ် ရပ်စဲဖို့ ပြည်ထောင်စုအဆင့် အချက် ၁၄ ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013