Home
သတင်းဓာတ်ပုံ
အောင်မြေသာစံမြို့နယ်တွင် မိုးခေါ်လွန်ဆွဲပွဲ ကျင်းပ (ဓာတ်ပုံ)
DVB
·
May 3, 2019
Mandalay Lunswe09
Mandalay Lunswe08
Mandalay Lunswe07
Mandalay Lunswe06
Mandalay Lunswe05
Mandalay Lunswe04
Mandalay Lunswe03
Mandalay Lunswe02
Mandalay Lunswe01
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ပုလဲငွေရောင်ရပ်ကွက်ရှိ ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရားအနီးမှာ မေ ၂ ရက် ညနေ ၄ နာရီက မိုးခေါ်လွန်ဆွဲပွဲ ကျင်းပခဲ့ပါတယ်။ ဒီလွန်ဆွဲပွဲကို ဗောင်းတော်ကျ ဆုတောင်းပြည့် မြတ်စွာဘုရား ဂေါပကအဖွဲ့နဲ့ ပုလဲငွေရောင်ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ကျင်းပတာပါ။ ဒီမိုးခေါ်လွန်ဆွဲပွဲမှာ အမျိုးသားအဖွဲ့တဖက်၊ အမျိုးသမီးအဖွဲ့တဖက် ငါးချီ အပြိုင်လွန်ဆွဲခဲ့ကြပြီး သံချပ်နဲ့ အားပေး ဖျော်ဖြေခဲ့ပါတယ်။ မိုးခေါ်လွန်ဆွဲပွဲကို မေ ၂ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပမှာပါ။ အခုလို မိုးခေါ်လွန်ခေါ်ပွဲကို မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အိုးဘိုရပ်ကွက်နဲ့ ပြည်ကြီးတံခွန်မြို့နယ် ယောမင်းကြီးလမ်း၊ ၆၁ လမ်းနဲ့ ၆၂ လမ်းကြား စတဲ့နေရာတွေမှာလည်း မေ ၁ ရက်မှ ၃ ရက်နေ့ထိ ကျင်းပတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - သော်တာ  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024