A d v e r t i s e m e n t With Us

ယူအေအီးနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး သိမ်းငှက်ေဆးရုံ (ရုပ်သံ)

အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ တန်ဖိုးကြီး အိမ်မွေးတိရစ္ဆာန်အဖြစ် သိမ်းငှက်တွေကို မွေးလေ့ရှိကြပြီး အဲဒီငှက်တွေ ဖျားနာလာရင် ကုသစောင့်ရှောက်ဖို့ ကမ္ဘာ့အကြီးဆုံး သိမ်းငှက်ဆေးရုံလည်း ရှိပါတယ်။ အဲဒီဆေးရုံမှာ သိမ်းငှက်တွေအတွက် လိုအပ်တဲ့ ဆေးဝါးတွေအပြင် သုတေသနနဲ့ လေ့ကျင့်ရေးသင်တန်းတွေ အတွက်ကိုပါ ယူအေအီးအစိုးရက ထောက်ပံ့ပေးထားတာပါ။ သိမ်းငှက်တွေနဲ့ အလုပ်လုပ်ရတာ အင်မတန် စိတ်ဝင်စားဖို့ကောင်းတယ်၊ ဘယ်တော့မှ ပျင်းရတယ်ဆိုတာ မရှိဘူးလို့ ဆေးရုံ ဒါရိုက်တာ မာဂစ်မာလာက ပြောပါတယ်။ ယူအေအီးနိုင်ငံအပြင် ဆော်ဒီအာရေးဗျနဲ့ အိမ်နီးချင်း အာရပ်နိုင်ငံတွေမှာ လွန်ခဲ့တဲ့ နှစ်ထောင်ချီ ကာလကတည်းက သိမ်းငှက်တွေဟာ သဲကန္တာရ ယဉ်ကျေးမှုအမွေအနှစ် တစိတ်တပိုင်းအဖြစ် အရေးပါပါတယ်။ သိမ်းငှက်ဆေးရုံဟာ ကမ္ဘာလှည့်ခရီးသွားတွေကိုလည်း လာရောက်လေ့လာခွင့် ပြုထားပါတယ်။ သိမ်းငှက်တွေဟာ နိုင်ငံတကာမှာ မျိုးတုန်းပျောက်ကွယ်လုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ယူအေအီး တနိုင်ငံတည်းကသာ သိမ်းငှက်တွေကို တရားဝင် ထိန်းသိမ်းစောင့်ရှောက် မွေးမြူခွင့် ရထားတာပါ။ ယူအေအီးနိုင်ငံမှာ သိမ်းငှက်တွေကို ကိုယ်ပိုင် နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးထားပါတယ်။ သိမ်းငှက်တွေဟာ သူတို့ရဲ့သခင်နဲ့အတူ လေယာဉ်စီး ခရီးသွားကြပြီး တခါတလေလည်း အမဲလိုက် ခရီးထွက်လေ့ရှိကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up