Home
မြန်မာသတင်း
ပွဲစားက တရားမ၀င်ခေါ်ဆောင်လာသည့် မြန်မာ ၃၄ ဦး ထိုင်းမြောက်ပိုင်းတွင် ဖမ်းဆီးခံရ
DVB
·
May 2, 2019
5378019-696x522
5378018-696x392
5378017-696x522
5378016-696x522
1090144-696x522
မြန်မာပွဲစားက တရားမ၀င်ခေါ်ဆောင်လာတဲ့ မြန်မာအလုပ်သမား ၃၄ ဦးကို ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်နှစ်ခုမှာ ဖမ်းဆီးခံရမိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။ ဧပြီလ ၃၀ ရက်မနက်စောစောက ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်၊ ပါမြိန့်အုပ်စုရှိ မယ်ဆိုင်-ဘန်ကောက်သွားလမ်းမကြီးပေါ်မှာ တာဝန်ရှိသူတွေ စောင့်ကြပ်စစ်ဆေးစဉ် အင်ထရာ တိုးခရီးသည်တင်ကားတစီးပေါ်မှာ ထိုင်းလူမျိုးတွေကြား ရောနှောထိုင်ပြီး လိုက်ပါလာတဲ့ တရားမ၀င်  မြန်မာနိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးရမိတယ်လို့ အမှတ် ၅ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ အဆိုပါ မြန်မာနိုင်ငံသား ၁၃ ဦးမှာ အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်အကြားမှာရှိပြီး တာချီလိတ် ကနေ မယ်ဆိုင်ကို ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့  ၀င်ရောက်ခဲ့ကြောင်း၊ သူတို့ကို ချောစုလှိုင် (၃၀ နှစ်) ဆိုသူ မြန်မာအမျိုးသမီး တဦးက ခေါ်ဆောင်ခဲ့ကာ ၀န်ဆောင်ခအနေနဲ့ တဦးကို ကျပ် ၃၅၀၀၀ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီနောက် မယ်ဆိုင်ကနေ ဘန်ကောက်ထိ သွားမှာဖြစ်ပြီး အဲဒီအတွက် နောက်ထပ် ၁ ဦးကို ကျပ် ၃၅၀၀၀ ပေးရမယ်လို့ ဖမ်းဆီးခံရ သူတွေက ပြောပါတယ်။ သူတို့ရဲ့ နယ်စပ်ဖြတ်လက်မှတ်မှာ ချင်းရိုင်းခရိုင်ထိသာ လည်ပတ်ခွင့်ရှိပေမယ့် ဘန်ကောက်ထိသွားပြီး အလုပ်လုပ်မှာမို့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ သူတို့နဲ့ တအုပ်စုတည်းဝင်လာပြီး အခြားပုဂ္ဂလိကပိုင် ခရီးသည်တင် ကားတစီးနဲ့ လိုက်လာတဲ့ မြန်မာ ၂၁ ဦးကို ထိုင်းမြောက်ပိုင်း ဖယောဝ်းခရိုင်ထဲမှာ ဖမ်းမိခဲ့ ပါတယ်။ ဒီအဖွဲ့ဟာလည်း ဖယောင်းခရိုင်မှ လမ်းပန်းခရိုင်၊ အဲဒီကနေတဆင့် ဘန်ကောက်ကို သွားဖို့ မြန်မာနိုင်ငံသားပွဲစားတဦးက ဦးဆောင်ခေါ်လာခဲ့တာလို့ ဆိုပါတယ်။ ထိုင်းအာဏာပိုင်တွေက သူတို့ကို လိုအပ်သလိုအရေးယူဖို့ ဖမ်းဆီးခေါ်ဆောင်ထားပြီး သတ်မှတ်ထားတဲ့ ခရီးသည်တင်ယာဉ်လမ်းကြောင်းကနေ သွေဖြည်မောင်းနှင်လာတဲ့ ခရီးသည်ယာဉ်တွေကိုလည်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဥပဒေအရ အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကိုးကား - ချင်းမိုင်နယူးစ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024