တောင်ကိုရီးယားသားတွေ သေကြောင်းကြံတာကို ဘယ်လိုတားဆီးမလဲ
DVB
·
October 31, 2012
တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံက ချမ်းသာပေမယ့် ပြည်သူတွေအားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာနေကြတာတော့မဟုတ်ပါဘူး။ တိုင်းပြည်က အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာ စိတ်ဓာတ်ကျဆင်းနေသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ ကမ္ဘာ့ထိပ်တန်း ၃၄ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (အိုအီးစီဒီ) က တောင်ကိုရီးယားနိုင်ငံကို ကိုယ့်ဘာသာ သေကြောင်းကြံစည်မှု အများဆုံး ဖြစ်တဲ့ နိုင်ငံအနေနဲ့ သတ်မှတ်လိုက်ပြန်ပါတယ်။
တောင်ကိုရီးယား အစိုးရကလည်း ဒီအခြေအနေကို ပြောင်းလဲနိုင်ဖို့ ကြိုးစားနေ ပါတယ်။ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တော်ကနေ သတင်းထောက် ဂျက်ဆင်စတွန်သာ သတင်းပေးပို့ထားတာကို မယုယမိုးက တင်ပြပေးထားပါတယ်။