ရီယိုဖာဒီနန်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန် မန်ယူ စီစဉ်နေ

1.8K
မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ခံကစားသမားဟောင်း ရီယိုဖာဒီနန်ကို အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ စီစဉ်နေပါတယ်။
ဖာဒီနန်နဲ့ အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်တို့ဟာ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
မန်ယူအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာ မိသားစုဟာ ဖာဒီနန် အနားယူလိုက်တဲ့ လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ဘုတ်အဖွဲ့ဝင်ထဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် အဆင်မပြေ ဖြစ်ခဲ့တာလို့ သိရပါတယ်။
အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်ဟာ ၂၀၀၂ ခုနှစ်ကစလို့ မန်ယူအသင်းအတွက် ၁၂ ရာသီကြာ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။