လက်စတာ ၃ – ၀ အာဆင်နယ်၊ ဘန်လေ ၀ – ၁ မန်စီးတီး (ရုပ်သံ)

မနေ့ညက ယှဉ်ပြိင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ရှုံးပြီး မန်စီးတီး အနိုင်ရသွားပါတယ်။ အာဆင်နယ်က အဝေးကွင်းမှာ လက်စတာကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ပွဲချိန် ၃၆ မိနစ်မှာ အာဆင်နယ်ကစားသမားတယောက် အထုတ်ခံရပြီး နောက်ပိုင်း ဂိုးတွေ အသွင်းခံရတာပါ။ လက်စတာအတွက် အနိုင်ဂိုးတွေကို တိုင်လီမန်းနဲ့ ဗာဒီတို့က သွင်းယူပါတယ်။ ဒီပွဲရှုံးလို့ အာဆင်နယ်ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နိုင်ရေး အိပ်မက်တွေ မရေရာတဲ့ အနေအထား ရောက်သွားပါတယ်။ မန်စီးတီးကတော့ အဝေးကွင်းမှာ ဘန်လေကို တဂိုးတည်းနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ကို ပြန်လည် တက်လှမ်းသွားပါတယ်။ မန်စီးတီး တဖက်သတ် ဖိအားပေး ကစားနိုင်သလို ဂိုးကန်သွင်းခွင့် ၇ ကြိမ်အထိ ရခဲ့ပါတယ်။ မန်စီးတီးအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၆၃ မိနစ်မှာ တိုက်စစ်မှူး အဂွေရို သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ မန်စီးတီးက ၉၂ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

More News
Up