A d v e r t i s e m e n t With Us

ရန်ကုန်အပါအ၀င် တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးထစ်ချုန်းရွာမည်

ရန်ကုန်အပါအ၀င် တိုင်းနဲ့ ပြည်နယ်အချို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလက ဒီနေ့ညနေ ၄ နာရီ ထုတ်ပြန်ပါတယ်။ ဧပြီ ၂၉ ရက်မနက်ပိုင်းအထိ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာကျဲကျဲမိုးရွာမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမှာဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀  ဖြစ်ပါတယ်။ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ သိရပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ ၄ ပေမှ ၆ ပေလောက်ရှိနိုင်ပါတယ်။ နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ နေပြည်တော်နဲ့ အနီးတ၀ိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်အရ တိမ်အသင့်အတင့် ဖြစ်ထွန်းမှာဖြစ်ပြီး ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ မနက်ဖြန် မနက်အထိ ခန့်မှန်းချက်အရ တိမ်အသင့်အတင့် ဖြစ်ထွန်းမှာဖြစ်ပါတယ်။ မန္တလေးမြို့နဲ့ အနီးတ၀ိုက်အတွက် မနက်ဖြန် မနက်အထိ ခန့်မှန်းချက်ကတော့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up