DVB Logo
Home
မြန်မာသတင်း
ဂျပန် နီပွန်ဖောင်ဒေးရှင်းက တွေ့ဆုံဆွေးနွေးရေးအတွက် ကြားဝင်ကူညီ
DVB
·
October 29, 2012
ဂျပန် နီပွန်ဖောင်ဒေးရှင်းက တွေ့ဆုံဆွေးနွေးရေးအတွက် ကြားဝင်ကူညီ
Donate to DVB

ဂျပန် နီပွန်ဖောင်ဒေးရှင်းက မြန်မာအစိုးရနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အကြား အလွတ်သဘောတွေ့ဆုံပွဲကို ဂျပန်နိုင်ငံမှာ တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တယ်လို့ ယူအန်အက်ဖ်စီပြောခွင့်ရသူ ဦးခွန်ဥက္ကာ ပြောပါတယ်။

နီပွန်ဖောင်ဒေးရှင်ရဲ့ ဖိတ်ကြားချက်အရ ဦးခွန်ဥက္ကာဦးဆောင်တဲ့ ယူအန်အက်ဖ်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီလလယ်ပိုင်းက ဂျပန်နိုင်ငံကို ၇ ရက်ကြာ သွားရောက်စဉ်အတွင်း အခုလို ကမ်းလှမ်းတာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲအတွက် ကုန်ကျစရိတ်ကို ကျခံမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရအကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင်မြင်အောင် ကြားဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းရဲ့ကမ်းလှမ်းချက်ကို ယူအင်အက်ဖ်စီအနေနဲ့ သဘောတူညီခဲ့တယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

“လူသားချင်းဆိုင်ရာ အကူအညီတွေပေးရင်းနဲ့ အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကျနော်တို့ဘက်ရော၊ ဦးအောင်မင်းဘက်ရော သဘောတူရင် လေ့လာသူတွေအဖြစ်ပါဖို့ ကမ်းလှမ်းထားတယ်။ ကျနော်တို့ဘက်ကတော့ observer (လေ့လာသူ) အဖြစ် ပါဖို့ ကမ်းလှမ်းတင်ပြထားတယ်။ သို့သော် ဦးအောင်မင်းတို့ဘက်က ဘယ်လိုလက်ခံမလဲတော့ မသိသေးပါဘူး။”

အဲဒီခရီးစဉ်ကို လိုက်ပါသွားသူတဦးကတော့  ဂျပန်တွေ့ဆုံပွဲမတိုင်ခင်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ယူအန်အက်ဖ်စီအဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့အကြား နိုဝင်ဘာမှာ ၁ ကြိမ် တွေ့ဆုံကြဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံကတွေ့ဆုံပွဲကိုတော့ ဒီနှစ် ဒီဇင်ဘာလလောက် ဖြစ်နိုင်လိမ့်မယ်လို့ တွက်ဆပြောဆိုပါတယ်။

လက်ရှိမှာတော့ ယူအန်အက်ဖ်စီထဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) က အဖွဲ့ဝင်အဖြစ် ပါဝင်နေတာကို အစိုးရဘက်က ထောက်ပြီး ကေအိုင်အိုနဲ့ အပစ်အခတ်ရပ်ပြီးရင် တွေ့ဖို့ သဘောထားပေးထားပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ကေအိုင်အိုနဲ့ ၃ ကြိမ် ဆွေးနွေးပေမယ့် အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးဘဲ မနက်ဖြန်ကျရင် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံကြဖို့ ထုတ်ပြန်ထားကြပါတယ်။

နီပွန်ဖောင်ဒေးရှင်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသား စစ်ဘေးဒဏ်သင့် ဒေသတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့ ယူအန်အက်ဖ်စီ အပါအ၀င် မြန်မာအစိုးရနဲ့ပါ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးနိုင်ခဲ့ပြီး ပထမအသုတ်အနေနဲ့  အမေရိကန်ဒေါ်လာ ၃ သန်း ကူညီမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013