ကုန်သွယ်ရေး စစ်ပွဲအားလုံး ကမ္ဘာ့စီးပွားရေး ထိခိုက်ဟု ရုရှားသမ္မတပြော

1.1K
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကုန်သွယ်ရေး စစ်ပွဲအားလုံးဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေတယ်လို့ ဧပြီ ၂၇ ရက်က ပြောလိုက်ပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေး တိုးတက်လာချိန်မှာ အလားအလာတွေ တိုးမြှင့်ရေး ရုရှားက စီစဉ်နေတယ်လို့လည်း ပူတင်က ပြောပါတယ်။
တရုတ်မြို့တော် ပေကျင်းက Belt and Road ပိုးလမ်း၂ သွယ် ဖိုရမ်မှာ မီဒီယာတွေကို ခုလို ပြောလိုက်တာပါ။
“ကျနော်တို့ဟာ ကြားခံစခန်း အလားအလာ တိုးလာတာကို တကယ့်ကို စိတ်ဝင်စားပါတယ်။ ဒီအတွက် ကျနော်တို့ဟာ ဆိုက်ဘေးရီးယား ဖြတ်ကျော် ရထားလမ်း၊ ဘိုင်ကယ်လ် အာမာရ် လမ်းတွေကို သုံးမယ်။ အဲဒီအတွက် ငွေတွေအများကြီးကို ရင်းနှီးမြှုပ်နှံသွားမယ်၊ အဝေးပြေး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ တိုးတက်အောင် လုပ်သွားမယ်” လို့ ပူတင်က ပြောပါတယ်။
ကုန်သွယ်ရေး စစ်ပွဲတွေဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေပြီး ဘယ်သူမှ အကျိုးအမြတ် မရဘူးလို့ ပြောပါတယ်။
“ဘယ်သူမှ ဘယ်လို ကန့်သတ်ချက်မှ မလိုချင်ဘူး/ ဘယ်သူကမှ ကုန်သွယ်ရေး စစ်ပွဲကို မလိုချင်ဘူး။ ဒီလုပ်ငန်းစဉ်ကို စတဲ့သူတွေကလွဲလို့ ဖြစ်ချင်ဖြစ်မယ်။ ကန့်သတ်ချက် အားလုံးဟာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ထိခိုက်စေတယ်ဆိုတာ ရာနှုန်းပြည့် နီးပါး သေချာပါတယ်။ ပူတင်ဟာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်နဲ့ ဗလာဒီဗိုစတော့ခ် မြို့က အစည်းအဝေး အပြီးမှာ Belt and Road ဖိုရမ်ဆီကို လေယာဉ်နဲ့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။